မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 34 )
" အရမ်းချစ်တယ် မမ...... မမ ကို ကျွန်တော်
အရမ်းချစ်တယ် ကျွန်တော့်ကို ပြန်ချစ်
ပေးနိုင်မလားဟင် "သီချင်းပြီးသွားတော့ လွန်း မျက်ဝန်းကို ဆွေးနစ်စွာ
စိုက်ကြည့်ပြီး ပြောလာတဲ့ သူ့ကို လွန်း ကြည့်ပြီး
ငိုချင်လာတာကြောင့် နေရာကနေ အမြန်ပြေး
ထွက်လာမိသည်။ နောက်မှာ သူ ဘယ်လိုကျန်
ခဲ့မလဲဆိုတာကို လွန်း မသိချင်တော့ပါ။
လွန်း ကိုယ်တိုင်ကလည်း အရမ်းနာကျင်လွန်းလို့ 
မျက်ရည်စတွေက ပါးပြင်ပေါ်မှာ ပြိုးပြိုးပြောက်
ပြောက်ပင်......။ပြေးထွက်သော လွန်း ကျောပြင်လေးကို ဇောင်
ငေးကြည့်ရင်း သူ့ မျက်ဝန်းက မျက်ရည်တွေက
ထပ်မံစီးကျလာခဲ့သည်။ သူ့ ရင်ထဲမှာလည်း
အရမ်းကို နာကျင်လွန်းလို့ ခံရခက်နေ၏ ။>>>>>>>>>>>>>>>
" မမ မနက်မိုးလင်းပြီနော် ထပါတော့
ကျွန်တော်တို့ ဘုရားသွားရအောင် "မနေ့ညက ကိစ္စကြောင့် လွန်း နာကျင်လွန်းလို့
တစ်ညလုံး အိပ်မပျော်နိုင်ဘဲဖြစ်ခဲ့ရသည်။
အခု ဇောင်မြဲဖြန် လာနိုးမှ မထချင် ထချင်နဲ့
လွန်း မျက်လုံးတွေကို အားယူပြီး ဖွင့်လိုက်ရသည်။" မမ ရေချိုးခန်းထဲမှာ တဘက်ရှိတယ်နော်
မမ မျက်နှာသစ်ဖို့ ၊ ရေချိုးဖို့အတွက်လည်း
လိုအပ်တာတွေ ကျွန်တော် လုပ်ပေးထားတယ်
ရေချိုးပြီးရင် ဝတ်ဖို့အဝတ်အစားလည်း
ကုတင်ပေါ်မှာ ကျွန်တော် တင်ပေးထားတယ်
ပြီးသွားရင် မမ အောက်ကို ဆင်းလာခဲ့
ကျွန်တော်တို့ မနက်စာတူတူစားရအောင်
အဲ့ဒါပြီးသွားရင် ဘုရားသွားမယ်နော် မမ "လွန်း ခေါင်းလေးကို ပုတ်ပြီး အခန်းထဲကနေ
ထွက်သွားသော သူ့ ကျောပြင်ကို လွန်း
လိုက်ကြည့်နေမိသည်။ ဘုရားသွားမှာမို့လို့
သူ ဝတ်ထားတာကလည်း ယောပုဆိုးအပြာနဲ့
လက်ရှည်အင်္ကျီအဖြူရောင် ဖြစ်နေခဲ့သည်။
ကုတင်ပေါ်မှာ လွန်း အတွက် သူ ယူလာပေးသော
အဝတ်အစားကလည်း အပြာရောင်
ပိတ်ဖောက်ဇာ ဝမ်းဆက်လေး ဖြစ်နေသည်။
ESTÁS LEYENDO
မမရဲ့ ယောင်္ကျားက ကျတော် ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ်
Romanceမမ က ကျွန်တော့် အပိုင်...... ကျွန်တော့် ပါးကို မမ ထပ်ရိုက်မယ်ဆိုရင် မမ ကို ကျွန်တော် မုဒိန်းကျင့်ပြီး ကျွန်တော့် မယား လုပ်ပစ်မယ်