မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 21 )လွန်း လက်ပေါ်မှာ ဆုံးသွားတဲ့ မာမီ ပုံစံကို လွန်း ပြန်လည်
မြင်ယောင်လာပြီး မျက်ရည်တွေက ကျလာရသည်။နောက်ပြီး လွန်း မှာ မာမီ စိတ်နဲ့တင် ကိုယ်ဝန်က
ပျက်ကျသွားခဲ့သည်။ ဒါ့အပြင် လွန်း သူငယ်ချင်း ဆိုပေမဲ့
လွန်း ကို တစ်ချိန်လုံး မနာလိုနေသော သုန်နရီ အကြောင်း
ကို လွန်း ကောင်းကောင်းကြီး သိလိုက်ရသည်။ကျောင်းပြီးတာတောင် လွန်း အလုပ်မရတာ သူ့ လက်ချက်၊
ဒါတင်မက လွန်း မာမီ ကို လွန်း ဆီခေါ်လာပြီး
လွန်း ဗိုက်ကြီးနေတာကို မြင်အောင်လည်း သူပဲ
လုပ်ခဲ့သည်။ မာမီ ကိုလည်း အမောဖောက်ပြီး
ဆုံးသွားအောင်လည်း သူပဲ လုပ်ခဲ့သည်။ဒီလောက်နဲ့တောင် သူ့က မကျေနပ်သေး လွန်း အငှားကိုယ်
ဝန်ဆောင်ဖို့ လာငှားတဲ့ သူဌေးလင်မယားက သူ့ လူတွေ
ဆိုတာ လွန်း သိလိုက်ရသည်။လွန်း ကို အရှက်ခွဲခဲ့တဲ့ မိန်းမကြီးဒေါ်သက်ထား
ဆိုတာကလည်း သူ့ လူမှန်း လွန်း သိလိုက်ရသည်။
အရာရာက သူ အစကတည်းက အကောက်ကြံပြီး
စီစဉ်ထားမှန်းကို မာမီ ဆုံးမှ လွန်း သိလိုက်ရသည်။အကြောင်းက သူနဲ့ လက်ထပ်မယ့် နိယော နဲ့ လွန်းက
ပတ်သက် နေလို့တဲ့......။
နိယော နဲ့ သူနဲ့က မယူသေးရုံတမယ်ပဲတဲ့..... လင်မယား
အရာ မြှောက်နေပြီတဲ့.....။ အဲ့ဒါ လွန်း က နိယော
ကို သွားပတ်သက်လို့ အပြစ်ပေးတာတဲ့.....။ကျောင်းကတည်းက သုန်နရီ က လွန်း သူငယ်ချင်းဆိုပေမဲ့
လွန်း ကို အမြဲမနာလိုဖြစ်သည်။ သူငယ်ချင်းတွေက
လွန်း ကို သုန်နရီ ကို သတိထားဖို့ ပြောပေမဲ့ လူတိုင်း
ကို လွန်း မကောင်းမမြင်ချင်ပါ။ ဒါကြောင့် သုန်နရီ
လုပ်သမျှကို လွန်း ခံလိုက်ရသည်။ တကယ်တမ်း
နိယော က သူနဲ့ လက်ထပ်တော့မယ်လူဆိုတာ သိရင်
လွန်းနောက်ဆုတ်ပေးမှာ အမှန်ပင်....။အခုတော့ လွန်း မသိလို့ ပတ်သက်မိတာကို သုန်နရီ က
အငြိုးထားပြီး လွန်း ဘဝပျက်အောင် လုပ်သွားခဲ့ပြီ။

YOU ARE READING
မမရဲ့ ယောင်္ကျားက ကျတော် ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ်
Romanceမမ က ကျွန်တော့် အပိုင်...... ကျွန်တော့် ပါးကို မမ ထပ်ရိုက်မယ်ဆိုရင် မမ ကို ကျွန်တော် မုဒိန်းကျင့်ပြီး ကျွန်တော့် မယား လုပ်ပစ်မယ်