Part (39) Zg + Uni

1.5K 64 1
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽  (Part - 39 )

ဒါပေမဲ့ ဈာန်ယောတို့ မထင်ထားသည်က
သူတို့ သွားမယ့် ဆိုင်လေးထဲမှာ လွန်းခါးအိမ်
ရောက်နေတာကို.....။  တကယ်လို့
လွန်းခါးအိမ် ရှိနေတာသာ သူတို့ သိခဲ့ရင် သူတို့ ဘာဆက်
လုပ်မလဲ...???။

လွန်းခါးအိမ် ရှိနေတဲ့ Cafe ဆိုင်လေးကို
ဇောင့် သူငယ်ချင်းတွေက ဇောင့်ကို ကူထိန်းပေး
ရင်းနဲ့ ဆိုင်ပေါက်ဝကို  ရောက်လာကြသည်။
ထိုအချိန် ဇောင်တို့ ဆိုင်ထဲကို ဝင်လာတာနဲ့
လွန်းခါးအိမ် က မခံစားနိုင်တာကြောင့်
ဒိုင်ယာရီစာအုပ်လေး ပိုက်ပြီး toilet ထဲ
အမြန်ပြေးဝင်သွားခဲ့သည်။

ဒါကြောင့် ဇောင်မြဲဖြန် တို့ ဝင်လာတာကို လွန်းခါးအိမ်
မတွေ့လိုက်ပါ။

toilet ကနေ ငိုတာအားရလို့ ဆိုင်ထဲကို လွန်းခါးအိမ်
ပြန်လည်းဝင်လာရော ဇောင်မြဲဖြန် တို့က
ပြန်သွားကြပြီ ဖြစ်သည်။

>>>>>>>>>>>>>>>>

တစ်ပတ်ကြာပြီးနောက်.............

Diary  36

" မမ. ..........မမ နဲ့ ကျွန်တော် နဲ့ လက်ထပ်ပြီးရင်လေ
မမ ကို UK က misello ပန်းခြံကို ကျွန်တော်
ခေါ်သွားချင်တယ်...... အဲ့ဒီပန်းခြံက ပန်းတွေက
အရမ်းလှတယ် မမ ကြိုက်မှာ သေချာတယ်
အထူးသဖြင့် အဲ့ဒီနေရာမှာရှိတဲ့ ထိုင်ခုံတန်းလေးတွေက
သိပ်ကို မိုက်တာ အဲ့ဒီနေရာမှာ ကျွန်တော့် က
ထိုင်ပြီး မမ က ကျွန်တော် ပေါင်ပေါ်ကိုထိုင်
ဘယ်လောက်တောင်မိုက်လဲ မမ
ဒါပေမဲ့ မဖြစ်နိုင်တော့ပါဘူး 
မနက်ဖြန်ဆို မမ ကို ကိုသီဟ ဆီ ကျွန်တော်
လိုက်ပို့ရတော့မယ်  မမကတော့ ပျော်နေတော့မှာပဲ
သိပ်မကြာခင်မှာ မမ က မမ အရမ်းချစ်တဲ့
ကိုသီဟ နဲ့ လက်ထပ်ရတော့မှာလေ.......
ဝမ်းသာပါတယ်နော် မမ........မမ ချစ်တဲ့သူနဲ့
လက်ထပ်ရတော့မှာမို့လို့ ......နောက်ပြီး
ကျွန်တော် ချစ်တဲ့ မမ ထာဝရ ပျော်ရွင်ပါစေနော်
ဒါနဲ့ ကျွန်တော် တစ်ခုတောင်းပန်တယ်နော် မမ
မမ မင်္ဂလာပွဲကို ကျွန်တော် လာမပေးနိုင်တော့ဘူး
ဘာလို့ဆို ကျွန်တော် လာရင် ကျွန်တော်
မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ မမ လက်ထပ်တာ
ကို ကျွန်တော် ကြည့်ပြီး မခံစားနိုင်ဘူး
တော်ကြာ ကျွန်တော် အရမ်းငိုလွန်းလို့ မမ
မင်္ဂလာပွဲ ပျက်သွားလိမ့်မယ် ဒါကြောင့် မမ မင်္ဂလာ
ပွဲကို ကျွန်တော် လာမပေးနိုင်တာကို
တောင်းပန်ပါတယ်နော် မမ. .......
အခုတောင် ဒီစာရေးရင်းနဲ့ ကျွန်တော့် မျက်နှာမှာ
မျက်ရည်တွေက စီးကျနေပြီ မမ..... အခုနောက်ပိုင်း
ကျွန်တော် ငိုတိုင်း မျက်စိတွေက သေအောင်နာတာ မမ
နာပေမဲ့လည်း ကျွန်တော် မငိုပဲ မနေနိုင်ဘူး
မမ နဲ့ ပတ်သက်ပြီး အနည်းဆုံး ငိုလိုက်ရမှ
ကျွန်တော် နေသာထိုင်သာ ရှိသွားတာ
တကယ်လို့ ကျွန်တော် မငိုဘူးဆိုရင်
ကျွန်တော့်  ရင်ဘတ်ကြီးက ပေါက်ထွက်ပြီး
သေသွားလိမ့်မယ် အခုတောင် ဒီစာရေးနေရင်းနဲ့
ကျွန်တော့်  မျက်လုံးတွေက တစ်ချက်ချက်ပြာပြာသွား
တယ် ကျွန်တော် မနည်းအားယူပြီး  ရေးနေရတာ
ချစ်တယ်နော် မမ........... "

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Where stories live. Discover now