Part (38) Zg + Uni

1.5K 59 0
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽  (Part - 38 )

" UK ကို သွားမယ့် လေယာဉ်လက်မှတ်ပေးပါ
ညီမလေး...... ဒါနဲ့ ညီမလေး လေယာဉ်က
ဘယ်အချိန်ထွက်မှာလဲဟင် "

" နောက်နှစ်နာရီနေရင်ပါ အစ်မ "

" ကျေးဇူးပါ ညီမလေး "

လေယာဉ်ကွင်းက လက်မှတ်အရောင်းငှာနက
ကောင်မလေးကို လွန်းခါးအိမ် ကျေးဇူးတင်လိုက်​ပြီး
ထို​ကောင်​မ​လေး ​ပေးတဲ့လေယာဉ်​လက်​မှတ်​ကို
ယူပြီးတဲ့​နောက်မှာ ဘေးနားက ထိုင်ခုံတန်းတွေပေါ်
မှာ သူမ ဝင်ထိုင်လိုက်သည်။  သူမ လက်ထဲမှာလည်း
ဇောင်မြဲဖြန် ရဲ့ ဒိုင်ယာရီစာအုပ် လေးကို
ဆုပ်ကိုင်ထားသည်။

မနေ့က သုန်နရီ လာပေးသော ဇောင်မြဲဖြန် ရဲ့
ဒိုင်ယာရီ စာအုပ်လေးကြောင့် လွန်း UK ကို
သွားဖို့  ဆုံးဖြတ်လိုက်သည်။ ဒိုင်ယာရီ အစပိုင်းမှာ
က လွန်း နဲ့ ဇောင်မြဲဖြန် ရဲ့ တွေ့ဆုံပိုင်းကို
ဇောင်မြဲဖြန် က ရေးသားထားသည်။  အဲ့ဒီနောက်မှာ
တော့ UK က အကြောင်းတွေကို ဇောင်မြဲဖြန်
က ရေးထားတာကြောင့် အခုလို UK ကို သွားဖို့
လွန်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

UK က သူ့ ဘဝအကြောင်းတွေကို UK မှာ
ပဲ လွန်း ဖတ်ပြီး သူ လုပ်သလိုလိုက်လုပ်မည်။ 
ဒါဆို သူ့က လွန်း အနားမှာ ရှိနေသလိုပင်....။

ဒီအတွက်ကြောင့် လွန်း မျက်ရည်ကျမိမယ်
ဆိုရင်တောင်မှ လွန်း နောင်တမရပါ။ 
သူ ဖြတ်သန်းခဲ့တဲ့ မှတ်တမ်းတစ်လျှောက်ကို
UK မှာ လွန်း လိုက်လုပ်ကြည့်မည် ။

စာရွက် နှစ်​ရွက်လောက်ထိကိုပဲ လွန်း ဖတ်ရသေးသည်။ ကျန်တာကိုတော့ UK ရောက်မှ လွန်း ဆက်ဖတ်မည်။ 

>>>>>>>>>>>>>

" ဥာဏ်ဏ ငါ့ရဲ့ ဒိုင်ယာရီစာအုပ်လေး
ရှာပေးပါအုံး ......ငါရဲ့ ခရီးဆောင်အိတ်ထဲ
ပါလာလို့ သွားကြည့်ပေးပါအုံး ဥာဏ်ဏ "

ထမင်းကျွေးဖို့ ထမင်းစားခန်းထဲကို ခေါ်လာတာကို
ဒိုင်ယာရီစာအုပ် ရှာဖို့ ပြောလိုက်တဲ့ ဇောင် ကို
ဥာဏ်ဏ ကြည့်ပြီး ဘေးက ဈာန်ယော နဲ့
မိုက်ကယ် ကို တစ်ချက်ကြည့်ကာ......

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Where stories live. Discover now