Part (23) Zg + Uni

1.6K 76 0
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽  (Part - 23 )

" ဟင့်​အင်း  ငါ မအိပ်​ဘူး ​ဇောင်​မြဲဖြန်​ ..........
ငါ ဒီမှာ  မအိပ်​ဘူး​နော်​  ငါ ဒီမှာ မအိပ်​ဘူး  "

" ဒါဆို မမ တစ်​ခု​ရွေး  ကြက်​သား​ကြော်​စားပြီး
ဒီမှာ ကျွန်​​တော်​နဲ့ အတူတူ အိပ်​မှာလား
ဒါမှမဟုတ်​ ကြက်​သား​ကြော်​မစားဘဲ
ကျွန်​​တော်​ နဲ့အတူတူ ဒီမှာ အိပ်​မှာလား "

" ဟမ်​......!!!!! "

" ရွေးလေ မမ ဘာတွေကြောင်နေတာလဲ. ...?? "

ပြုံးပြီး လူကို ထပ်မေးလာသော သူ့ စကားကြောင့်
လွန်း တင်းသွားမိသည်။

" နစ်နာနေအုံးမယ် ဇောင်မြဲဖြန်....... မင်း အရမ်းကို
နစ်နာနေအုံးမယ် မလည်ရှာဘူး လည်လိုက်တာမှ
ဂျင်လို မွတ်နေတာပဲ...... "

" အဟားဟား......... ဟားဟား  မမ
အဟားဟား......... ဟားဟား  "

သူ့ကို နှုတ်ခမ်းကြီး ထော်ပြီး မဲ့ကာ ရွဲ့ကာ ချီးကျူးနေသော
မမ ကြောင့် အားရပါးရ ရယ်ပစ်လိုက်သည်။ ဒါကို
မမ က ကြည့်ပြီး မျက်စောင်းကြီး ထိုးနေတော့
သူ ထပ်ရယ်မိပြန်သည်။

ခဏလောက်နေတော့ ကြက်သားကြော်မှာ ဖြစ်တဲ့အတွက်
မမ ကို ဆီတွေစင်မှာ စိုးတာကြောင့် ​ဘေးနားမှာ
ထိုင်ခုံလေးချပေးပြီး ထိုင်ခုံမှာ သူ ထိုင်ခိုင်းလိုက်သည်။

" ပေါက်...... ပေါက်..... ပေါက် "

ဒယ်အိုးနီ ထဲကို ဆီထည့်ပြီးတဲ့ နောက်မှာ ဇောင်မြဲဖြန်
က ဆီကျက်တော့ ကြက်သွန်ဖြူ ထောင်းတာကို
ဒယ်နီ ထဲ ထည့်လေသည်။  ထိုအခါ ဆီတွေရဲ့ အသံက
ပေါက်ပေါက်နဲ့ ထမြည်တာကြောင့် ဒယ်အိုးနီ အဖုံးနဲ့
ဇောင်မြဲဖြန် က သူ့ကိုယ်သူ ကာကွယ်လိုက်သည်မှာ ဘယ်လိုလေးမှန်း မသိ။  မသိရင် ကိုရီးယား
ထဲက စစ်သူကြီး အလားပင်..... ။
ဒယ်နီအဖုံးကို ဒိုင်းလုပ်ပြီး သူ့ မျက်နှာသူ ကာကွယ်နေ
ပုံ​လေးက......။ လွန်း သူ ကာကွယ်​ပုံ​လေးကို ကြည့်​ပြီး
ပြုံးမိသွားသည်​။

အင်္ကျီလက်ရှည်ကိုလည်း လက်မောင်းထိခေါက်တင်ထား
တော့ သူရဲ့ တောင့်တင်းကျစ်လစ်တဲ့ လက်မောင်း
ကြွက်သားတွေကို လွန်း မြင်နေရသည်။

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Where stories live. Discover now