မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 9)ဒိသာ အတွေးလေးပင် မဆုံးလိုက် fan club အဖွဲ့ထဲက
ဓာတ်ဆီဘူး ကိုင်ထားတဲ့ ကောင်လေး က သူ့ လက်ထဲက
ဓာတ်ဆီ ဘူးနဲ့ လွန်း ကို ပက်ပစ်လိုက်သည်။
တခြားဖန်တွေကတော့ ထိုကောင်လေး လွန်း ကို ဓာတ်ဆီ
နဲ့ ပက်နေတာကို အာရုံမထားမိပါ။ နောက်ပြီး ထိုကောင်လေး
လက်ထဲက မီးခြစ်ကိုရောပဲ.......ဘာလို့ဆို သူတို့တွေအကုန်လုံးကလည်း လွန်း ကို ကြက်ဥတွေ၊
ဆန်မှုန့်တွေ၊ အချိုရည်တွေနဲ့ အသည်းအသန် ပက်နေတာကြောင့်ပင်....မုဒိသာ လည်း ထိုကောင်လေး လွန်းခါးအိမ် ကို ဓာတ်ဆီနဲ့
ပက်ပစ်လိုက်တာနဲ့ လွန်းခါအိမ် ဆီကို အမြန်ပြေးသွားလေသည်။
သို့သော် ရောက်ခံနီး အနည်းငယ်အလိုမှာပဲ fan clubထဲက
ကောင်လေး က မီးခြစ်ကို ခြစ်လိုက်တာကြောင့် မုဒိသာ
အထိတ်တလန့် အော်ချပစ်လိုက်သည်။" လွန်းခါးအိမ် သတိထား.......!!!!! "
" ရပ်လိုက်စမ်း အကုန်လုံး "
လွန်းခါးအိမ် ကို မုဒိသာ စိတ်ပူပြီး အော်နေတဲ့ အချိန်မှာပဲ
ဇောင်မြဲဖြန် ရောက်ချလာပြီး သူ့ fan club ကို
စူးရှတဲ့ အသံနဲ့ အော်ပြောလိုက်သည်။" ဇောင် ......."
ထိုအခါ သူ့ ဖန်တွေကလည်း ဇောင့် ကို
မြင်ပြီး ပျော်သွားပေမဲ့လည်း ဇောင့် ပုံစံက စိတ်ဆိုးနေတဲ့
ပုံပေါက်နေတာကြောင့် တုန်လှူပ်သွားကြသည်။ဇောင် ကတော့ သူ့ ဖန်တွေကို မကြည့်ဘဲ
သူ့ နောက်က မိုက်ကယ် ကို ခုဏက လွန်း ကို
ဓာတ်ဆီနဲ့ ပက်ဖို့ လုပ်သော ကောင်လေး ကို
ဖမ်းခိုင်းလိုက်သည်။ ဖန်အကုန်လုံးကလည်း
ဇောင် လုပ်ရပ်ကြောင့် မျက်လုံးတွေပြူးသွားကြသည်။ဖန်တွေ မျက်လုံးပြူးနေချိန်မှာပဲ ဇောင် က
သူ့လက်ထဲက coat အနက်ကို ချွတ်လိုက်ပြီး
သူ့ မမ ကိုယ်ပေါ် အသာအယာခြုံပေးလိုက်သည်။
أنت تقرأ
မမရဲ့ ယောင်္ကျားက ကျတော် ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ်
عاطفيةမမ က ကျွန်တော့် အပိုင်...... ကျွန်တော့် ပါးကို မမ ထပ်ရိုက်မယ်ဆိုရင် မမ ကို ကျွန်တော် မုဒိန်းကျင့်ပြီး ကျွန်တော့် မယား လုပ်ပစ်မယ်