Part (29) Zg + Uni

1.3K 63 0
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽  (Part - 29 )

လက်သီးကို  ဇောင်မြဲဖြန် ကျစ်ကျစ်ပါအောင်
ဆုပ်ထားရင်းကနေ စိတ်မထိန်းနိုင်တော့ ခုံပေါ်ကနေ
ချက်ချင်းထလာခဲ့သည်။ 

အနားမှာ မတ်တပ်ရပ်နေကြသော သုန်နရီ နဲ့ မိုးစက်မေ
ကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
သီဟ ဆီကို သွားနေသော ဇောင် ကို မြင်လိုက်ရတော့
မျက်လုံးများ ပြူးသွားခဲ့သည်။

ဈာန်ယော၊  ဥာဏ်ဏ နဲ့ မုဒိသာ ကလည်း ဇောင်
ကို ကြည့်ပြီး မျက်လုံးပြူးနေကြသည်။

ထိုအချိန် ဇောင်မြဲဖြန် ရဲ့ ခြေလှမ်းတွေက သီဟ နား
မရောက်ခင်မှာ ရပ်တန့်သွားပြီး လွန်းခါးအိမ် ကို ခဏလောက် ကြည့်ကာ အစည်းအဝေးခန်းထဲကနေ အမြန်ထွက်လာခဲ့သည်။

*********************

"  မောနေပြီလား လွန်း ကိုယ် ရေယူလာတယ်
ရော့...... ရေသောက်လိုက်အုံး "

အသံတည်းဖြတ်ခန်းထဲမှာ တခြားအဆိုတော်တွေက
အသံလေ့ကျင့်နေတုန်း အနားမှာ ထိုင်ပြီး ကြည့်နေ
သော လွန်းခါးအိမ် နားကို သီဟ ရောက်လာပြီး
သူ့ လက်ထဲက ရေဘူးကို လွန်းခါးအိမ် အတွက်
ဖွင့်ပေးလေသည်။

သီဟ ဖွင့်ပေးသော ရေဘူးကို လွန်းခါးအိမ် က
သောက်ရင်း ရုတ်တရက် ရေသီးသွားတော့
သူ့ ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပုဝါ
ကို သီဟ  ထုတ်ပြီး လွန်းခါးအိမ် ကို
တယုတယ သုတ်ပေးလေသည်။

ထိုအချိန် studio အခန်းထဲကို ဝင်လာသော
ဇောင်မြဲဖြန်  တစ်ယောက် လွန်းခါးအိမ် နှုတ်ခမ်းကို
အသာအယာ သုတ်ပေးနေသော သီဟ ကြောင့်
သူ့ ခြေလှမ်းတွေက ရပ်တန့်သွားရသည်။

ဇောင် နောက်ကနေ နောက်ကျမှ ဝင်လာသော မိုးစက်မေ
ကလည်း ဇောင် က ရပ်လိုက်တာကြောင့် သူမပါ
လိုက်ရပ်လိုက်သည်။ ဒါ့အပြင် ဇောင် က လွန်းခါးအိမ်
နဲ့ သီဟ ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ပုံ
ပေါက်နေတော့ ချက်ချင်းဆိုသလို မိုးစက်မေ က.....

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Место, где живут истории. Откройте их для себя