မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 6)မနက်အစောကြီး ရေချိုးခန်းထဲမှာ ဇောင် ရေချိုးတုန်း
မနေ့ညနေက အဖြစ်အပျက်ကြီးက သူ့ မျက်လုံး ထဲ
ပြန်မြင်ယောင်လာသည်။" ဘာ...... ကျွန်တော့် က မသုန်နရီ ရဲ့ Z company
ကို တာဝန်ယူ စီမံပေးရမယ်ဟုတ်လား
မသုန်နရီ ရူးနေတာတော့မဟုတ်ပါဘူးနော် "" မသုန် တောင်းပန်ပါတယ် မောင်လေး.... လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က မသုန် မောင်လေး ကို လုပ်ခဲ့တာတွေ အတွက် "
" လွယ်လိုက်တာ မသုန်နရီ..... မသုန်နရီ က အပြစ်လုပ်ပြီး
တောင်းပန်တာက အရမ်းကို လွယ်လွန်းတယ်.....
ခံခဲ့ရတဲ့ ကျွန်တော့် ကသာ သေမလိုအထိ ခံစားလိုက်ရတာ
အဲ့ဒါကို အခုမှ လာတောင်းပန်တယ်ပေါ့..... နောက်ပြီး
ကျွန်တော့် ကို မောင်လေး လို့ မခေါ်နဲ့ မသုန်နရီ က
ကျွန်တော့်ကို အဘွား ပေးခဲ့တဲ့ အမွေတွေကြောင့်
မနာလိုဖြစ်ပြီး ကိုယ့် မောင်အရင်းခေါက်ခေါက်ကို
တောင် ရေနှစ်သတ်ခဲ့တာ...... ဒါကြောင့် မသုန်နရီ မှာ
ကျွန်တော့် ကို မောင်လေးလို့ ခေါ်ဖို့ မထိုက်တန်ဘူး....
အစ်မ အရင်းတစ်ယောက်ဖြစ်ပြီး ကိုးနှစ်အရွယ်မောင်လေး
ကို ဆယ့်ခုနစ်အရွယ်အစ်မ တစ်ယောက်က ရေနစ်အောင်
လုပ်ခဲ့တဲ့ မသုန်နရီ မှာ ကျွန်တော့် ကို မောင်လေး လို့
ခေါ်ဖို့ မထိုက်တန်ဘူး..... "" မသုန် မှားပါတယ် မောင်လေး....... အဘွား က မောင်လေး ကိုပဲပေးပြီး မသုန် ကို ပေးမသွားတော့ မသုန် မိုက်ရူးရဲဆန်ပြီး
လုပ်မိသွားတာပါ...... မသုန် ကို ခွင့်လွှတ်ပေးပါနော်
မသုန် တောင်းပန်ပါတယ် မောင်လေး "လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ကိစ္စ ကို အခုမှ လာတောင်းပန်တဲ့
မသုန် ကို သူ ခွင့်မလွှတ်နိုင်ပါ။ သူ့မှာတော့ အဲ့ဒီတုန်းက
သေမတတ်ခံစားလိုက်ရတာ...... ကံကောင်းလို့ပေါ့ ခြံစောင့်
ဦးလေးဘထူး သာ သူ့ကို မကယ်ခဲ့ရင် ရေကန်ထဲမှာ
သူ သေနေလောက်ပြီ.... အခု အောင်မြင်နေတဲ့ အဆိုတော်
ဇောင်မြဲဖြန် ဆိုတာလည်း ရှိလာမှာမဟုတ်.....
ဒါတင်မကဘူး အဲ့ဒီတုန်းက မတောင်းပန်တဲ့အပြင်
သူ့ကို အရမ်းမုန်းတယ်ပြောတဲ့ သူ့ အစ်မ က အခုမှ
လာပြီး တောင်းပန်နေတာ ဘာသဘောလဲ...... နောက်ပြီး
ဒယ်ဒီ နဲ့ မာမီ ကိုလည်း မသုန် က သူ မလုပ်ဖူး ပြောသေးသည်..... မတော်တဆ ပြုတ်ကျသွားတာတဲ့... သူ့မှာတော့ ဒယ်ဒီ နဲ့ မာမီ ကို မသုန် လုပ်တယ်လို့
ပြောပြီး တိုင်တာကို ဒယ်ဒီ နဲ့ မာမီ က သူ့ကို မယုံဘဲ
မသုန် ဘက် ရှိနေပေးခဲ့သည်လေ..... ဒီလောက် သူ့ အပေါ်လုပ်ထားတဲ့ အစ်မ ကို အရမ်းယုံကြည်တဲ့ ဒယ်ဒီ နဲ့ မာမီ
ကြောင့် ကိုးနှစ်သားအရွယ်လေးနဲ့ လူတွေကို သူ အရမ်းမုန်းသွား
မိသည်....... မုန်းတာထက် သူ ယုံကြည်ဖို့ခဲယဉ်းသွားတာပင်....
ဒါတင်မက ဒယ်ဒီ နဲ့ မာမီ က သူ ဆယ်နှစ်သားအရွယ်မှာ
UK ကို ပို့လိုက်တော့ သူ့ ဘဝကြီးက အေးစက်ခြောက်ကပ်
သွားခဲ့သည်...... ဒီနေ့ရက်တိုင်းမှာ UK မရောက်ခင်
တစ်ရက်အလိုက တစ်ခါလေးပဲ တွေ့ခဲ့ဖူးသော မမလွန်းခါးအိမ်
ကြောင့်သာ သူ့  ဘဝကြီးက ပြန်လည်စိုပြေသွားခဲ့သည်.....
အဲ့ဒီလို စိုပြေသွားတဲ့ ဘဝကြီးကို ပျက်စီးအောင် လုပ်တဲ့
မာမီတို့ကိုလည်း သူ အရမ်းနာကြည်းမိသည်။

KAMU SEDANG MEMBACA
မမရဲ့ ယောင်္ကျားက ကျတော် ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ်
Romansaမမ က ကျွန်တော့် အပိုင်...... ကျွန်တော့် ပါးကို မမ ထပ်ရိုက်မယ်ဆိုရင် မမ ကို ကျွန်တော် မုဒိန်းကျင့်ပြီး ကျွန်တော့် မယား လုပ်ပစ်မယ်