Part (20) Zg + Uni

1.8K 67 0
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 20 )

" ညီမ​လေး လွန်းခါးအိမ်​ .......ညီမလေးမှာ
ကိုယ်​ဝန်​ရှိခဲ့ဖူးတယ်​ဆို "

" ဟင်​.....!!! "

" ဟာ......!!!"

" ဟယ်​.....!!! "

" အို......!!!"

ရုတ်​တရက်​ သတင်း​ထောက်​ တစ်​​ယောက်​က လွန်းခါးအိမ်
ကိုယ်​ဝန်​ကြီးနဲ့ ပုံကို လွန်းခါးအိမ်​ ကို ပြပြီး ​မေးလိုက်​တာ
ကြောင့်​ လွန်းခါးအိမ်​ မျက်​လုံးပြူးသွားခဲ့သည်​။

ဘေးနားက ​ဇောင်​မြဲဖြန်​ လည်း ကိုယ်​ဝန်​ကြီးနဲ့ လွန်းခါးအိမ်
ဓာတ်​ပုံကို ​တွေ့လိုက်​ရ၍ မျက်​လုံးပြူးသွားခဲ့သည်​။

ဦးရာ​သွေး ၊ ဈာန်​​ယော ၊ ဥာဏ်ဏ ၊ မမလင်း ၊ မုဒိသာ နဲ့
ဖန်​​တွေ က​တော့ ဟာခနဲ ဟင်​ခနဲ အာမေဋိတ်သံ
တွေပါ ထွက်​သွားကြသည်​။

သုန်​နရီ နဲ့ ​ဒေါ်မဒီကို မှာ​တော့ သူမတို့ ခိုင်းထားတဲ့အတိုင်း
မေး​ပေး​သော သတင်း​ထောက်​​ကြောင့်​ အ​တော်​ကြီးကို
ကျေနပ်​​နေကြသည်​။ မျက်​လုံးပြူးသွားတဲ့ လွန်းခါးအိမ်
ကိုလည်း ကြည့်​ပြီး အ​တော်​သ​ဘော​တွေ့​နေကြသည်​။

" ဟုတ်​ပါတယ်​ ကျွန်​မမှာ ကိုယ်​ဝန်​ရှိခဲ့ဖူးပါတယ်​ "

" ဒါကို ​မောင်​​လေး​ဇောင်​မြဲဖြန်​ ​ရော သိပါသလား
ညီမ​လေးလွန်းခါးအိမ်​ "

မမ ​ဖြေလိုက်​တဲ့ အ​ဖြေ​ကြောင့်​ သူ မျက်​လုံးပြူး​နေချိန်
သူ့ ဘက်​ကို လှည့်​လာတဲ့ သတင်း​ထောက်​အစ်​မ
ကြောင့်​ ​​ အံ့သြသွားတာကို ​ဇောင်​ ထိန်းချုပ်​လိုက်​ပြီး.....

" သိပါတယ်​ မမ မှာ ကိုယ်​ဝန်​ရှိခဲ့ဖူးတာကို
ကျွန်​​တော်​ သိပါတယ်​ ဒါ​ပေမဲ့ အဲ့ဒါက ကျွန်​​တော့်
အတွက်​ အ​ရေးမကြီးဘူး ကျွန်​​တော့်​ အတွက်
အ​ရေးကြီးတာက မမ က ကျွန်​​တော်​ကို ချစ်​​နေဖို့ပဲ
နောက်​ပြီး ကျွန်​​တော့်​ ကလည်း မမ ကို ချစ်​​နေဖို့ပဲ "

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Tempat cerita menjadi hidup. Temukan sekarang