Part (14) Zg + Uni

2.6K 107 0
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 14)

ဒိသာ ​အောက်​ကို လဲကျသွားပြီလို့ ထင်​ကာ နာပြီဆိုပြီး
တွေးထားတာကို ဈာန်​​ယော က ဖမ်း​ပေးလိုက်​​တော့
ဒိသာ အသက်​ရှူ​ချောင်​သွားရသည်​။
နောက်​ပြီး ဒိသာ ဈာန်​​ယော ကို ​ကျေးဇူးတင်​မယ်​အလုပ်
ဒိသာ ရင်​သားကို တစ်​​ယောက်​​ယောက်​က ကိုင်​ထားသလို
ခံစား​နေရ​တော့ ကြည့်​လိုက်​​တော့ ထိုကိုင်​ထားတဲ့သူက
ဈာန်​​ယော ဖြစ်​​နေခဲ့သည်​။

ဒါတင်​မက ဒိသာ အင်္ကျီ က ဖဲကြိုး ဘယ်​ကဘယ်​လို
ပြုတ်​သွားတယ်​မသိ....နောက်ပြီး ဖဲကြိုးမရှိတော့
အထင်းသား မြင်နေရတဲ့ ဒိသာ ရဲ့ bra ​ကြောင့်​ ဒိသာ
အရမ်းလန့်​သွားမိသည်​။

ဈာန်​​ယော ကို ကြည့်​လိုက်​​တော့လည်း ဒိသာ ရင်​သားကို
ကိုင်​ပြီး ဒိသာ bra ကို မျက်​​တောင်​မခတ်​ကြည့်​​နေ​တော့
...........

" အားးးးးးး.......!!!! "

ဒိသာ ရဲ့ ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာတော့
ဈာန်ယော လည်း လန့်ပြီး ဒိသာ ကို အမြန်လွှတ်ပေး
လိုက်သည်။ ဈာန်ယော လွှတ်ပေးလိုက်တာနဲ့ ဒိသာ က
သူမ ရင်ဘတ်ကို လက်နဲ့ အမြန်ကာပြီး သူမ စီးထား
တဲ့ ဒေါက်ဖိနပ်နဲ့ ဈာန်ယော ခြေထောက်ကို အသားကုန်
နင်းပစ်ပြီး ပြေးထွက်လာခဲ့သည်။

ကျန်နေခဲ့တဲ့ ဈာန်ယော မှာတော့ ဒိသာ လက်ချက်ကြောင့်
အသားကုန် အော်ဟစ်ပြီး ညီးနေခဲ့သည်။

>>>>>>>>>>>>>>>

" မ​နေ့က ကျွန်​​တော်​ လက်​ထပ်​ခွင့်​​တောင်းတဲ့ ကိစ္စ
ပျက်​သွား​အောင်​ မမ ဘာလို့လုပ်​ရတာလဲ........"

" မုန်းလို့​လေ မင်းကို မုန်းလို့ ငါ လုပ်​လိုက်​တာ
ဘာလဲ မ​ကျေနပ်​ဘူးလား .....မ​ကျေနပ်​ရင်​ ဒီ​နေရာမှာ
လဲ​သေလိုက်​.......​သြော်​ ဒါနဲ့ ငါ လုပ်​တယ်​ဆိုတဲ့ ကိစ္စကို
မင်း ဖန်​​တွေမသိ​အောင်​ ကူညီ​ပေးတာကိုလည်း
ငါ့က ​ကျေးဇူးတင်​မယ်​ မထင်​နဲ့........"

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Where stories live. Discover now