Part (41) Zg + Uni

1.8K 69 0
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽  (Part - 41 )

" ငါ တောင်းဆိုပါတယ် မိုက်ကယ်...... ငါ့ကို
ပြောပြပါနော် ငါ တောင်းပန်ပါတယ် ငါ့ကို
ပြောပြပါနော်......ငါ တောင်းပန်ပါတယ်
.....အင့်ဟင့်... ...အင့်ဟင့် .......အင့်ဟင့် "

ပြောရင်းနဲ့ ရှိုက်ကြီးတငင်ငိုလိုက်တဲ့ လွန်းခါးအိမ် ကြောင့်
မိုက်ကယ် သူ့  ခေါင်းကို သူ ပြန်ကုတ်ပြီး အကြပ်
တွေ့သွားရသည်။  ထိုအချိန် မိုက်ကယ်  ကို
တောင်းပန်နေရင်းနဲ့ လွန်းခါးအိမ် ရဲ့ မျက်လုံးတွေက
ခုံတန်းလေးပေါ်က သံတုတ်ကောက်ကို မြင်သွား
ပြီး UK ကို သူမ မလာခင်က မိုက်ကယ်တို့နဲ့အတူ
သက်တံ့ ဆိုသော မျက်မမြင် ကောင်လေးပါမှန်းကို
သူမ သတိရသွားသည်။  ဒါ့အပြင် သက်တံ့ အသံက
ဇောင်မြဲဖြန် အသံနဲ့ အရမ်းတူတယ်ဆိုတာကိုလည်း
သူမ အမှတ်ရသွားပြီး မျက်လုံးများ ဝင်းလက်သွားကာ
မိုက်ကယ် ကို ကြည့်လိုက်ပြီး..........

" ဇောင်မြဲဖြန် က မျက်လုံးမမြင်ရတော့ဘူး
မဟုတ်လား မိုက်ကယ် ဒါကြောင့် ငါ့ကို သူ့ အနားကနေ
မောင်းထုတ်နေတာမဟုတ်လား နောက်ပြီး
မင်းတို့နဲ့အတူ ဒီကို ပါလာတဲ့ မျက်မမြင်ကောင်လေး
သက်တံ့က ဇောင်မြဲဖြန် မဟုတ်လား  "

လွန်းခါးအိမ် သူမ စကားကြောင့် မိုက်ကယ်
ပါးစပ်ဟောင်းလောင်းဖြစ်သွားတာကို ကြည့်ပြီး
သူမ သဘောပေါက်သွားခဲ့သည်။  ဒါ့အပြင်
မိုက်ကယ် က မဟုတ်ဘူး ငြင်းမယ်လုပ်တော့
လွန်းခါးအိမ် က အငြင်းမခံဘဲ ချက်ကျလက်ကျ
ပြန်လည်ပြောပစ်လိုက်သည်။
နောက်ဆုံးတော့ မိုက်ကယ် ခမျာ ငြင်းမရမဲ့အတူတူ
လွန်းခါးအိမ် ပြောတာကို ခေါင်းတဆက်ဆက် ငြိမ့်
ပြီး ဇောင် မျက်လုံးကွယ်တဲ့ အကြောင်းအရင်းမှန်ကိုပါ
ပြောပြလိုက်သည်။

" ငါ့ ကြောင့်.......!!!!  ငါ့ ကြောင့်  ......!!!
ဇောင်မြဲဖြန် အခုလို ဖြစ်သွားတာ .....ငါ့ကြောင့် ပါ"

အမှန်တိုင်း မိုက်ကယ် ပြောလည်းပြောပြီးရော
လွန်းခါးအိမ် ခမျာ မျက်ရည်တွေ တသွင်သွင် စီးကျပြီး
ယူကြုံးမရ ဖြစ်သွားရသည်။

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Where stories live. Discover now