Part (5) Zg + Uni

2.9K 120 1
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 5)

" ​တွေ့ရတာ ဝမ်းသာပါတယ်​ ​မောင်​​လေးဉာဏ်​ဏ "

ဉာဏ်​ဏ ကို လွန်း က ပြန်​လည်​နှူတ်​ဆက်​ပြီး ဉာဏ်​ဏ
ကမ်း​ပေးတဲ့ လက်​ကို လွန်း က ကိုင်​ဖို့ပြင်​​လေသည်​။

ထိုအခါ လွန်း လုပ်​ရပ်​​ကြောင့်​ ​ဇောင်​ မျက်​နှာကြီးက မာထန်
သွားပြီး ​မေး​ကြော​တွေ​ထောင်​ကာ ဉာဏ်​ဏ ကို မျက်​လုံးရဲကြီး
နဲ့ စိုက်​ကြည့်​​နေ၏ ။ ဈာန်​​ယော မှာ​တော့ ​ဇောင်​ အကြည့်
ကြောင့်​ အထာ​ပေါက်​ပြီး ဉာဏ်​ဏ ကို လွန်း လက်​ကို
သွားမကိုင်​ဖို့ မျက်​နှာရိပ်​မျက်​နှာကဲနဲ့ ​ပြော​လေသည်​။
ဒါကို အထာမ​ပေါက်​တဲ့ ဉာဏ်​ဏ တစ်​​ယောက်​ လွန်း လက်
ကို ကိုင်​ဖို့ ပြင်​လိုက်​တာနဲ့ ဇောင် ရဲ့ လက်က ဥာဏ်ဏ လက်ကို သူ့လက်နဲ့ အသားကုန်ဖမ်းဆုပ်ကိုင်ထားပစ်​လိုက်သည်။

" အား........ အား....... နာတယ် ဇောင်...... နာတယ်
ငါ့လက်ကို လွှတ်အုံးလို့...... "

ထိုအခါကျမှ နောက်တစ်ခါ ငါ့ မမ လက်ကို ကိုင်အုံးမလားဆိုတဲ့
အကြည့်နဲ့ မေးငေါ့ပြီး ဇောင် က ဥာဏ်ဏ ကို မျက်လုံးချင်းစကားပြောလေသည်။
ဥာဏ်ဏ လည်း အခုမှ အထာပေါက်ပြီး မလုပ်တော့ပါဘူးဆိုပြီး
အတွင်တွင် ခေါင်းယမ်းပြမှ ဥာဏ်ဏ လက်​ကို ဇောင် က လွှတ်ပေးလိုက်သည်။

ဇောင် နဲ့ ဥာဏ်ဏ ကို ကြည့်ပြီး ဘေးက ဈာန်ယော က ပြုံးစိစိဖြစ်နေခဲ့သော်လည်း လွန်း ကမူ ဘာမှ နားမလည်တာကြောင့် ကြောင်တောင်တောင်ဖြစ်နေခဲ့သည်။

>>>>>>>>>>>>>>>

" လွန်း..... နင် ပြောသလိုဆို ဇောင်မြဲဖြန် ကြည့်ရတာ နင့်ကို စိတ်ဝင်စားနေပုံပေါက်တယ် ...ဒါမှမဟုတ် နင် သူ့ကို အသုံးချပြီး
နင့် အမေအတွက် လက်စားချေမလား.... "

" ငါ လက်စားချေချင်တယ် အမရာ...... ဒါပေမဲ့ ငါ သူ့နား
ကပ်ရမှာ ဝန်လေးမိတယ် နောက်ပြီး သူ့ကိုလည်း ငါ အရမ်း
ရွံတယ်......အခုတောင် သူ့  PA လုပ်ရမှာကို တွေးပြီး
ငါ စိတ်ပျက်နေတာ...... ဒါကြောင့် ဒီနည်းလမ်းနဲ့ ငါ လက်စား
မချေချင်ဘူး..... ငါ ချေချင်တာက သုန်နရီ ဘဝပျက်သွားဖို့
အဓိကပဲ....... "

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Where stories live. Discover now