Part (26) Zg + Uni

1.3K 56 3
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽  (Part - 26 )

အခုလည်း လွန်း ကို ဆွဲငင်ဓာတ်အပြည့်တွေနဲ့
စိုက်ကြည့်နေသော သူကြောင့် ရင်ခုန်ချင်ပေမဲ့လည်း
မုန်းတယ်စိတ်က ကြီးစိုးနေတာကြောင့် ပြိုင်ပွဲကို
လွန်း မေ့သွားကာ မျက်တောင်ခတ်လိုက်မိသည်။

ထိုအချိန် ဇောင်မြဲဖြန် ကလည်း ချက်ချင်းဆိုသလို
လွန်း ရဲ့ ပါးလေးကို သူ့ နှုတ်ခမ်းလေးနဲ့ ထိကပ်လိုက်ကာ
နမ်းရှိုက်ပစ်လိုက်သည်။

" ဝိုး "

လွန်း ကို နမ်းလိုက်သော ဇောင် လုပ်ရပ်ကြောင့် presenter
အောင်သူ မှာ ဝိုးခနဲထအော်ကာ မျက်လုံးများပြူးသွားခဲ့သည်။

လွန်း လည်း သူမ ပါးကို ဇောင် က နမ်းလိုက်တော့ မျက်လုံး
များ ပြူးကျယ်သွားကာ ဒါ့အပြင် presenter
အောင်သူ က ထအော်လိုက်တော့ သူမ အရမ်းရှက်ပြီး
မျက်လုံးများ မှိတ်သွားခဲ့သည်။

ထိုအခါ လွန်း မျက်လုံးမှိတ်ပြီး မျက်တောင်ခတ်လိုက်ခြင်းကြောင့်
ပြိုင်ပွဲမှာ လွန်း တို့အတွဲက  ရှူံးနိမ့်သွားခဲ့သည်။

" စားလေ ရှေ့ဆက်စားလေ........ဟုတ်တယ်
ဇောင်မြဲဖြန် စားတာ မှန်တယ် လွန်းခါးအိမ် လည်း
ရှေ့ဆက်စားလေ "

တုတ်ချောင်းပုံစံ ပြုလုပ်ထားသော မုန့်ရှည်ရှည်လေး
တစ်ခုကို ဇောင်မြဲဖြန် က သူ့ နှုတ်ခမ်းနဲ့ တေ့ထားပြီး
ကျန်တဲ့ တစ်ဖက်ကို လွန်း နှုတ်ခမ်းဝနား လာတေ့လေသည်။

တေ့လိုက်တဲ့ အချိန် မြန်ဆန်စွာနဲ့ တတိတိစားနေသော
ဇောင်မြဲဖြန် ကို presenter  အောင်သူ က ချီးမွမ်း
နေသလောက် လွန်း ကိုတော့ စားတာနှေးတဲ့အတွက်
သူ့က အားမရ ဖြစ်နေခဲ့သည်။

" စား လွန်းခါးအိမ် စား........ ဇောင်မြဲဖြန် လို မြန်မြန်
စား ဒါမှ  မုန့်က မြန်မြန်ကုန်မှာနော် မတော်လို့
မုန့်က ကျိုးပြီး ပြတ်သွားခဲ့ရင် အစကနေ ပြန်စရမှာနော် "

နမ်းဖို့ကို လက်တစ်ဝါးစာလောက်ပဲ လိုတော့တာကို
အတင်းတွေ စားခိုင်းနေသော presenter အောင်သူ
ကြောင့် လွန်း ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ပါ။

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Where stories live. Discover now