မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 32 )လွန်းခါးအိမ် bra ကို ချွတ်ဖို့အတွက် လှမ်းလာနေသော
ပေါက်ကြီးရဲ့ လက်ကြောင့် လွန်းခါးအိမ် ခမျာ ခေါင်းကို
အတင်းခါယမ်းကာ........" မလုပ်နဲ့နော်...... !!!! မလုပ်နဲ့ .....!!!!
မလုပ်နဲ့....!!! မလုပ်......... နဲ့......... !!!! "" အား.....!!!!! "
လွန်းခါးအိမ် ရင်သားကို ကိုင်ဖို့ပြင်နေတဲ့ ပေါက်ကြီး
ခမျာ သူရဲ့လက်ကို ဇောင်မြဲဖြန် က ရိုက်ချိုးပစ်လိုက်
တာကြောင့် အားကနဲအော်သွားခဲ့သည်။နီညို နဲ့ မဲလုံး တို့နှစ်ယောက်မှာလည်း မိုက်ကယ် နဲ့
မိုက်ကယ် လူတွေရဲ့လက်ချက်ကြောင့် မြေပြင်ပေါ်မှာ အရုပ်ကြိုးပျက်လဲကြနေကြသည်။ထိုအချိန် ဇောင်မြဲဖြန် က သူ့ အင်္ကျီ ကို ချွတ်ပြီး
လွန်းခါးအိမ် ကို ပတ်ပေးလေသည်။
ပတ်ပေးပြီးတာနဲ့ သူ့ လက်ချက်ကြောင့် လက်နာလို့
အော်နေသော ပေါက်ကြီး ကို မြေပြင်ပေါ် တွန်းလှဲပစ်ပြီး
တက်ခွကာ ပေါက်ကြီး ရဲ့ မျက်နှာကို စိတ်ရှိ လက်ရှိတည်ထိုးလေသည်။
အားရပြီဆိုမှ ဇောင် က မိုက်ကယ် ကို ကြည့်ကာ..........." ဒီကောင်သုံးကောင်လုံးကို မှတ်လောက်သားအောင်
ပညာပေးပစ် မိုက်ကယ်. ........အရိုးကျိုးကျိုး
ဘာကျိုးကျိုး "" ဟုတ်ကဲ့ ဘော့စ် "
မိုက်ကယ် ဆီက အဖြေကြားတာနဲ့ မျက်ရည်တွေကျပြီး
အသားတွေတဆက်ဆက်တုန်နေသော လွန်းခါးအိမ်
ကို ဇောင် က ပွေ့ချီပြီး ဂိုဒေါင် ထဲကနေ
အမြန် ထွက်သွားခဲ့သည်။" အ့....!!!!! "
" ဆောရီး မမ....... ဆောရီး နာသွားလားဟင် "
မမ မျက်နှာက အနာတွေကို ဆေးထည့်ပေးနေတုန်း
မမ ဆီက ညည်းသံထွက်လာတာကြောင့် ဇောင်
အရမ်းကို နာကျင်မိသည်။
ဖြစ်နိုင်ရင် မမ မျက်နှာက အနာတွေရဲ့
နာကျင်မှုဒဏ်ကို သူပဲ ခံစားပေးချင်သည်။
အခုတော့ ဘာမှမတတ်နိုင်ဘဲ မမ မျက်နှာက အနာတွေကို ကြည့်ပြီး နာကျင်နေရသည်။ ကံကောင်းလို့ပေါ့
မသုန် ကို သူ စိတ်မချလို့ မသုန် ကို လူလွှတ်ပြီး
စောင့်ကြည့်ခိုင်းခဲ့သည်။ အခုတော့ သူ ထင်တဲ့
အတိုင်းပင်......။
ဒါတောင် သူ ရောက်တာ အချိန်မှန်သွားလို့......။

YOU ARE READING
မမရဲ့ ယောင်္ကျားက ကျတော် ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ်
Romanceမမ က ကျွန်တော့် အပိုင်...... ကျွန်တော့် ပါးကို မမ ထပ်ရိုက်မယ်ဆိုရင် မမ ကို ကျွန်တော် မုဒိန်းကျင့်ပြီး ကျွန်တော့် မယား လုပ်ပစ်မယ်