နွေးထွေးသောချစ်ခြင်းမေတ္တာတရားကို လူတော်တော်များများဆီကမရရှိခဲ့သောမင်ယွန်းဂီမှာ ရင်ခုန်သံကိုလဲမသိ
လက်တွဲဖော်ဆိုတာလဲမရှိ တစ်ကိုယ်တည်း လူမိုက်ကြီး လုပ်နေခဲ့သည်
ရုပ်ရှင်ဇာတ်ကားများကိုတောင်လှောင်ရယ်ပြုခဲ့သူ
'အလကားတွေပါကွာ အချစ်ဆိုတာ'ယခုတော့ ဒီကောင်လေးကို သူတစ်နေ့မတွေ့ရရင်မနေနိုင်တော့တဲ့အထိ စွဲငင်စွာချစ်မြတ်နိုးနေမိပြီး အိမ်လေးဟုသတ်မှတ်ထားချင်ခဲ့ပြီး ...
လွန်ခဲ့သောတစ်နှစ်(2017)oct10 10pm
ဝုန်း
ဟဘာတွေဖြစ် ခွပ်
နမ်ဂျွန်းတို့သူငယ်ချင်းအုပ်စု အနားသို့ ဝုန်းခနဲလဲပြိုလာသော လူတစ်ယောက် တိုင်မင်မလိုပဲ နမ်ဂျွန်းတစ်ယောက် ဆွဲဖမ်းထားမိလိုက်သည် ထိုလူနဲ့သူနဲ့အကြည့်ချင်းစုံမိသွားသည်
ရုတ်တရက်ကြောင်၍ ပြန်တွန်းထုတ်လိုက်မိပြီးမှ အားနာမိသွားသည်
မနားတမ်းထိုလူအားဆက်၍ထိုးနေသော လူကြီးဘာတွေလဲ ခင်မျာတို့
နမ်ဂျွန်းနဲ့သူငယ်ချင်းတွေရှောင်၍ အဝေးကကြည့်နေလိုက်သည်။
မင်းလိုငနဲလေးကများငါ့ကို ရန်စရဲတယ်ပေါ့ အံဩပါ့
ကဲ ဘယ်လိုလဲ အဆင်ပြေရဲ့လား ဟင့် ဟင့်အဟက်
နှုတ်ခမ်းပါးကသွေးစများကိုသုတ်လိုက်ပြီး အားယူထလိုက်သည်
ထွီ သွေးကအဖိုးတန်တယ်ဗျ ခင်မျာ
ခွပ်
ထိုလူကြီး ကြည့်နေတုန်းမှာပဲ ခွေခနဲပုံကျသွားသည်။
လူတစ်ချို့၏တီးတိုးပြောသံ
မင်ယွန်းဂီဒေါသထွက်နေပြီး
မင်ယွန်းဂီတဲ့လား
နှုတ်ကနေဖွင့်ဟပြောမိသွားတဲ့နမ်ဂျွန်းထပ်ဆင့်ထပ်ထိုးသည်
လူကြီးမှာ လုံးဝမနိုင်
ခင်မျာလား ခွပ် ခင်မျာလား ခွပ် သိပ်ရဲတင်းနေတာ
သိပ်တော်နေတာ ဟမ် ခွပ်
သွေးတွေ ထွက် ရုပ်ပျက်ဆင်းပျက်
ရုတ်တရက် ထိုးလက်စလက်တွေလျှော့သွားရသည်
YOU ARE READING
အိမ်မက်ငယ်(Namgi fic)
Fanfictionဒီအရာတွေအားလုံးက အိမ်မက် တွေသာဆိုရင် Alarmမမြည်လာဖို့ ကိုယ်တကယ်ဆုတောင်းတယ်🖤🌧️