Moni Moniရေ Moni ဘယ်ရောက်သွားတာလဲကွာ
လမ်းကြိုလမ်းကြား လမ်းမများနဲ့အမှိုက်ပုံးပါမချန် နှံ့စပ်အောင်ရှာသော်လည်း Moni ကို အရိပ်ကလေးသော်မျှ မတွေ့1ယောက်ရှာတာထက်2ယောက်ရှာတာကတော့ပိုအထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်မိသည် ။ မိတ်ဆွေကြီးမင်ယွန်းဂီကပါ ပူပင်စွာဝိုင်းရှာနေပေးသည်လေ ။
I just wanna be okay okay be okay ....ဖုန်းမြည်သံနဲ့အတူ ဂီးခနဲတုန်ခါမှုကြောင့် ပြေးလက်စခြေလှမ်းတွေကို ရပ်ရင်းဖုန်းကိုင်လိုက်သည် ဆက်သူက မင်ယွန်းဂီ .
Hello
# ကင်နမ်ဂျွန်း ဒီမှာမင်းခွေးလား လာကြည့် Moniလို့ခေါ်လိုက်တာ ငါ့ဆီပြေးလာတယ် ကလေးတစ်ယောက်လက်ထဲကဟုတ် ဟုတ်လား ကျွန်တော်လာခဲ့မယ် အဲ့တာဘယ်နေရာ ဘယ်နေရာလဲ Hyung !
#အင်း ကစားကွင်းပဲ နေဦး 24နာရီMini martရှိတယ် ဒီနားမှာအာ ကျွန်တော်သိတယ် လာပြီး လာပြီး
ဖုန်းချလိုက်ပြီး မပြေးရုံတမယ် ခြေလှမ်းများဖြင့် ရောက်ရှိသွားသည်
ချစ်လှစွာသော အ မွှေထုပ်လေးက မင်ယွန်းဂီလက်ထဲမှာ
'ဒီဟာလေးလား မင်းကလေးဆိုတာ'
Moniကို ပွတ်သပ်ပေး၍ သူ့ဆီခေါင်းစောင်းလျှက်မေးလာသည်
'ဟုတ်တယ် ဘယ်လိုရှာတွေ့ရတာလဲ '
'ဒီလိုပဲ လျှောက်ခေါ်ရင်းတွေ့တာပဲ ဟိုက ကလေးမ လေးက ချစ်လို့တဲ့လေ ခေါ်ထားတာ ဒီကလေးလေး က ဒီလိုလျှောက်မသွားတတ်ပါဘူးဆို '
သာမာန်စကားလေးသာဖြစ်သော်လည်း ဒီလူဆီကဖြစ်လို့ပဲလား မခံချင်စိတ်ဖြစ်သွားသည်
'သိပ် သိပ်တော့လဲ မဝေးပါဘူးဗျ ခင်မျာကလဲ '
ယွန်းဂီရယ်လိုက်သည် 'ဟား ဟား တကယ့်ကောင်လေး'
'ဟုတ်ပါပြီးကွာ Moniတဲ့လားမင်းက ချစ်စရာလေးကွာ '
Moniက သူ့သခင်ဆီပြေးသွားသည်
ခွေးလေးကို ပွေ့ကောက်ချီရင်း အသဲတယားယားဖြစ်နေသောနမ်ဂျွန်းမှာ ယွန်းဂီမျက်လုံးထဲတွင်Moniနည်းတူ ချစ်ဖို့ကောင်းနေသည်
YOU ARE READING
အိမ်မက်ငယ်(Namgi fic)
Fiksi Penggemarဒီအရာတွေအားလုံးက အိမ်မက် တွေသာဆိုရင် Alarmမမြည်လာဖို့ ကိုယ်တကယ်ဆုတောင်းတယ်🖤🌧️