December 7 2017
ညနက်နက်၏အပြင်လောကတစ်ခုလုံး တိတ်ဆိတ်မှုများနှင့်လွှမ်းခြုံထားသော်လည်း Neon မီးရောင်စုံများနဲ့ ကလပ်လေးထဲမှာတော့ အပူလှိုင်းများနဲ့ လှုပ်ရှားခုန်မြူးနေကြသည်ကလပ်လေး၏ Main barမှာတော့ ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးသူနဲ့မသက်ဆိုင်သည့်အလား ရမ်တစ်ခွက်နဲ့ Cigarette တစ်ဘူးကို မျက်လုံးများမှေးလျှက် သောက်နေသူတစ်ဦး
ထိုသူ့ဘေးနားသို့ လွှားခနဲဝင်ရောက်လာသောပုံရိပ်တစ်ခု
'Hey! Min Yoongi !!
ရှတတ ခေါ်သံနဲ့ လှစ်ခနဲ သူ့ဘေးနားကခုံသို့ဝင်ထိုင်လိုက်သော ထိုကောင်လေး
ရုတ်တရက်မို့ ဆတ်ခနဲတုန်သွားမိသည်
'ဟာ လန့်သွားဝာာလား sorry ဗျာ ဝမ်းသာသွားလို့ပါ တစ်ယောက်ထဲလားဗျ'ဒီတစ်ခါလဲသူ့ဘက်ကပင်အရင်စ၍ခေါ်လာခြင်းပင်
သူ့သောက်မည့်ဟာကိုမှာရင်း သူ့ကိုပြုံးပြကာ
'ကျွန်တော်လဲတစ်ယောက်ထဲပဲ ဟိုကောင်တွေကခေါ်လို့မရလို့ သူတို့ဟာသူတို့လေ'
ကိုယ့်ဟာနှင့်ကိုယ်တောင် အရမ်းကြီးမမူးသော်လည်း အိပ်ငိုက်လာသောကြောင့် သူ့အား စကားများများပြောနိုင်ခြင်းမရှိ'အင်းဟုတ်တယ် တစ်ယောက်ထဲပါ'
သူကပဲထပ်ဆိုကာ'ကျွန်တော်ထိုင်လို့ရတယ်ဟုန်း'
'အင်းရတယ်'ပြောရင်းဆေးလိပ်မီးညှိဖို့ပြင်တော့ သူကမီးခြစ်ကိုကောက်သွားသည်
'ပေးလေ 'သူကမီးခြစ်ကိုသေချာကြည့်၍
'မီးခြစ်ကလှလိုက်တာဗျာ အနုစိတ်များဖော်ထားတာပဲ'
ဆေးလိပ်သောက်ချင်ပါတယ်ဆိုကာမှ မီးခြစ်အလှကို လာဖော်ပြနေသည့်သူနဲ့လာတိုးနေသည်
နဂိုကတည်းက စိတ်သိပ်မရှည်တတ်တာကြောင့်ခပ်ဆတ်ဆတ်ပဲပြောမိသည်
'ပေးစမ်းပါ ကောင်လေးရာ မီးခြစ်ကအလှကြည့်ဖို့မဟုတ်ဘူး မီးညှိဖို့ ပေး''ကောင်လေးတဲ့' ဟားဟား စိတ်မထိန်းနိုင်ဘဲအသံထွက်၍ရယ်မိသည်
သူက တည့်တည့်စိုက်ကြည့်ပြီး 'ဟျောင့် ဘာရယ်တာလဲ'
YOU ARE READING
အိမ်မက်ငယ်(Namgi fic)
Fanficဒီအရာတွေအားလုံးက အိမ်မက် တွေသာဆိုရင် Alarmမမြည်လာဖို့ ကိုယ်တကယ်ဆုတောင်းတယ်🖤🌧️