အိမ်မက်ငယ် (Part:18)

90 14 0
                                    

12:55AM
ဆိုးလ်မြို့စွန်က စိုက်ပျိုးရေးခြံကြီးတစ်ခုရဲ့မှောင်ရိပ်ကျနေသောနေရာများဝယ်လက်နက်ကိုယ်စီဖြင့် လူတစ်စုဟာ နေရာကိုယ်စီယူထားကြတယ်
အလင်းရောင်ကွက်ကွက်လေးရှိနေသောနေရာတွင်‌ တော့ သေနတ်ကိုသေချာစွာကြည့်ရှုနေတဲ့ Mr.Kang

"မင်ယွန်းဂီဆိုတဲ့ကောင်မလာသေးဘူးလား "

"ဟုတ်ကဲ့ 1နာရီထိုးပါတော့မယ်"

Mr.Kangသည် လူယုံကိုခေါင်းငြိမ့်ပြလိုက်သည်

ထိုအခိုက် သစ်ရွက်ခြောက်များကို ခပ်မှန်မှန်နင်းလာတဲ့အသံကြောင့်
လူများအားလုံး လက်နက်အသင့်ပြင်လိုက်တယ်

"Wait ကျွန်တော်ပါ လန့်တတ်လိုက်ကြတာ"

ခပ်ရွဲ့ရွဲ့အပြောနှင့် ပါလာတဲ့ပစ္စည်းထုပ်လေးလေးကြီးကို Mr.Kang နှင့်မျက်နှာချင်းဆိုင် မြေပြင်ပေါ်သို့ပစ်ချလိုက်တယ် 

"1နာရီတောင်ထိုးတော့မယ်"

မင်ယွန်းဂီသည် လက်ကနာရီကိုကြည့်ကာ

"အင်း မှီတယ်လေ "

Mr.Kangသည် မထီတထီပြုံးနေသောမင်ယွန်းဂီကို ပိတ်ရိုက်ချင်ပေမယ့် ထိန်းထားလိုက်ရသည်

"ဘယ်မှာလဲကျွန်တော့်ပစ္စည်း "

"ဟေ့ကောင်တွေ ပုလဲနက်ကိုယူခဲ့"

လူယုံများသည် သေးငယ်သော စက္ကူအိတ်အသေးလေး တစ်အိတ်ကို သူတို့သူဌေးလက်ထဲထည့်ပေးလိုက်သည်

" စက္ကူပဲပါမှာတော့မဟုတ်ဘူးမလား "

"ဒီပမာဏက မင်းပစ္စည်းတန်ဖိုးနဲ့ယှဉ်တောင်များချင်များအုံးမှာ လျှာမရှည်နဲ့"

ယွန်းဂီက ကမ်းပေးလာသော
အိတ်ကိုဖွင့်ကြည့်ရင်း

ကျေနပ်စွာပြုံးလိုက်သည်
အိတ်ထဲကတစ်ထပ်ထပ်ထုပ်ထားသော ပလတ်စတစ်အိတ်ထဲတွင်ပါရှိသည့်အနက်ရောင်ဆေးလုံးသေးသေးလေးများက မီးရောင်ဖျော့ဖျော့အောက် နာမည်နှင့်လိုက်စွာ ပုလဲနက်များကဲ့သို့တောက်ပြောင်နေသည်

ထို့နောက်Mr.Kangကိုပြုံးကြည့်၍

"ဒါဆို ကိစ္စပြီးပြီပေါ့ "

အိမ်မက်ငယ်(Namgi fic)Where stories live. Discover now