"Little Dream"
နမ်ဂျွန်းကမ်းပေးလာသောအညိုရောင်စာအိတ်လေးကိုဖွင့်ကြည့်ကာယွန်းဂီငိုင်ကျသွားသည်
နမ်ဂျွန်းမှာ လည်းဝမ်းနည်သောမျက်ဝန်းများဖြင့်ငေးလျှက်ရှိသည်
ယွန်းဂီကသက်ပြင်းချရင်း
"ကို့ကိုကြိုပြောခဲ့သင့်တာ ဒီလောက်နှစ်တွေအကြာကြီးကို ကွာ"
"ကျွန်တော်တောင်းပန်ပါတယ် Hyungရယ်"
ယွန်းဂီမှာခေါင်းငြိမ့်ရင်းနမ်ဂျွန်းလက်ကိုဆုပ်ကိုင်ကာ
"အင်းပါ အခုက တစ်ပါတ်တောင်မလိုတော့ဘူးဆိုတော့ သွားဖို့ပြင်ဆင်ရင်း ကို့အနားမှာပဲမင်းနေပေးပါနော်"
နမ်ဂျွန်းခေါင်းငြိမ့်ပြလိုက်သည်
"လာပါအုံးဒီကို ဖက်ချင်လို့"
ကောင်လေးရဲ့ကိုယ်ကလေးကိုတင်းနေအောင်ပွေ့ဖက်ကာ magnolia နံ့လေးရောတဲ့ကိုယ်သင်းရနံ့လေးကို မှတ်မိနေအောင် နမ်းရှုံ့မိသည်။
"ကိုလွမ်းနေမှာ"
"ကျွန်တော်ရောပဲ"
နမ်ဂျွန်းလက်ကိုဆုပ်ကိုင်ကာ ဟန်မြစ်ဘေးလမ်းလျှောက်ထွက်ကြသည်
"ကိုတို့အမှတ်တရတွေများတယ်မဟုတ်လား ဒီနေရာမှာလေ "
"အင်း အဲ့တုန်းက ကိုယ့်ကိုယ်ကိုတောင်မယုံနိုင်ဘူး ပြေးလာခဲ့တာလေ ပြီးတော့မောတောင်မောတယ်"
ယွန်းဂီမှာရယ်ရင်း
"အဲ့ဒီတုန်းကပြောခဲ့တဲ့စကားလေးပြန်ပြောပါအုံး မုန့်ဝယ်ကျွေးမယ်လေ "
နမ်ဂျွန်းမှာမျက်စောင်းထိုးကာ
"တော်ပါဗျာ ကိုယ့်ဟာကိုပဲဝယ်စားလိုက်မယ် နော်"
ယွန်းဂီမှာခါးေထာက်၍စိတ်ကောက်ဟန်လုပ်ကာ
"တကယ်မပြောဘူးပေါ့ တကယ်နော်"
ကြောင်ပိစိလေးလိုချစ်ဖို့ကောင်းနေသည့် Hyungကိုထပ်စချင်လာသဖြင့် ပြုံးပြုံးလေးခေါင်းငြိမ့်လိုက်သည်
"နေပေါ့ သွားပြီ လမ်းလျှောက်ပြန်တော့ တာတာ့ ဟူးး ငါ့ကိုမချစ်ဘူးးး"
YOU ARE READING
အိမ်မက်ငယ်(Namgi fic)
أدب الهواةဒီအရာတွေအားလုံးက အိမ်မက် တွေသာဆိုရင် Alarmမမြည်လာဖို့ ကိုယ်တကယ်ဆုတောင်းတယ်🖤🌧️