အိမ်မက်ငယ်(part:16)

119 12 9
                                    

"နွေးထွေးသောပွေ့ဖက်ခြင်းတွေနဲ့ ပန်းရနံ့မွှေးမွှေးဆွယ်တာလေးရယ်
အိမ်မက်တွေသာဖြစ်ခဲ့မယ်ဆို
ထာဝရသာ အိပ်စက်ချင်တယ်"
  
  *My Little Dream*
  ပန်းပင်ရေလောင်းရင်း Notiသံလေးကြားတော့ လက်ကိုမြန်မြန်သုတ်ပြီး စက္ကန့်မဆိုင်းစာအမြန်ပြန်တဲ့
ကင်မ်နမ်ဂျွန်းကို အမဖြစ်သူ ဟာရူ မေးထောက်ပြီးစိုက်ကြည့်နေလေရဲ့
 

"ကင်မ်နမ်ဂျွန်း ဘယ်သူ့စီကစာမို့ အဲ့လောက်ပြုံးဖြီးနေရတာလဲ"

စာပို့ရင်းမျက်နှာကြီးပြုံးနေကာပါးခြိုင့်တွေပါပေါ်လာ တဲ့  မောင်လေးကို
မသက်ာသောမျက်လုံး များနဲ့ ဟာရူ မေးကြည့်လိုက်သည်

ချက်ချင်းမျက်နှာပိုးသတ်ကာ ရုပ်တည်ကြီးဖြင့်

  "အဟမ်း ဘယ်သူမှမဟုတ်ပါဘူး "

"နင်ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့နော် ဘာလဲ ရည်စားရှိနေပြီလား?"

  ကင်မ်နမ်ဂျွန်းတစ်ယောက်အမနဲ့သာဝေးဝေးလေးထွက်ပြေးလိုက်ချင်သည်

ပိတ်ရက်လေး လာလည်ပါတယ် ရဲမှူးချုပ်ကြီးကိုဖြစ်လို့ စစ်လားမေးလားနဲ့

  "အမကလဲဗျာ"

ဟာရူသည် ခါးထောက်ကာ

"အမကလည်းမဗျာနဲ့ ဘယ်သူလဲ ဘယ်အရွယ်လဲ လှလား "

  တရပ်စပ် မေးလာတဲ့အမကြောင့်
အနောက်သို့တောင်ဆုတ်သွားရသည်

"အဲ အဲ မဟုတ် ပါဘူးဗျာ"

"ဟင်းးး ကင်မ်နမ်ဂျွန်း ငါ့လာလိမ်နေတယ် ရဲတယ်ပေါ့လေ "

မျက်လုံးပြူးပြီးပြောလာတဲ့အမကြောင့် ငယ်ငယ်ကလို ပတ်တောင်ပြေးလိုက်ချင်သည်

  "ဟုတ်တယ်ဗျာ ကျွန်တော့်မှာ ချစ်သူရှိနေပြီး"

ပြောပြီး သက်ပြင်းတွေပါချလိုက်တဲ့မောင်ဖြစ်သူကို

  အခုမှဟာရူတစ်ယောက်ထိုင်ခုံမှာထိုင်ကာ ပြုံးပြုံးကြီးဖြင့် 
"နာမည်ဘယ်လိုခေါ်လဲ ဘယ်သူလဲ
ဘယ်ကလဲ အသက်ဘယ်လောက်လဲ
"

မောင်ဖြစ်သူအရှည်ကြီးနောက်ဆုံးတော့ရည်စားရပြီဆို၍‌ ပျော်နေတဲ့ အမကို
မရဲတရဲကြည့်ရင်း ရှေ့ကထိုင်ခုံမှာဝင်ထိုင်ချလိုက်ကာ

အိမ်မက်ငယ်(Namgi fic)Where stories live. Discover now