"စိတ်ကူးနဲ့ထွေးဖက်လို့ အခါခါနမ်းရှိုက်မိတယ် ကိုယ်ညတိုင်းမက်တဲ့အိမ်မက်တွေဟာမင်းပဲ"
အင်ချွန်းလေဆိပ်မှာယနေ့တွင်မှ လူအနည်းငယ်ရှင်း၍တိတ်ဆိတ်နေသယောင်ယောင်
လေယာဉ်ချိန်မရောက်သေး၍ စောင့်ဆိုင်းထိုင်ခုံတွင်ဘာစကားမျှမပြောမိဘဲ နှစ်ယောက်သားငိုင်နေမိသည်။
ယွန်းဂီကအတတ်နိုင်ဆုံးပြုံးကာ နမ်ဂျွန်းလက်လေးကိုဆုပ်ကိုင်ရင်း စကားစလိုက်သည်။
" ပစ္စည်းတွေအကုန်ပါပြီလား passport ရော မင်းလေးကအမြဲမေ့တတ်တယ်"
နမ်ဂျွန်းကယွန်းဂီဘက်ခေါင်းလှည့်၍အိတ်ကိုပုတ်ပြကာ
"ပါပါတယ်နော် အားလုံးပါတယ် မပါသွားတာတစ်ခုပဲရှိတယ်"
ယွန်းဂီကအိတ်ကိုဆွဲယူ၍စစ်ပေးကာ
"ဘာမပါလို့လဲ ကိုပြန်ယူပေးရမလား ဟမ်"
နမ်ဂျွန်းကယွန်းဂီပါးလေးကိုလက်နှစ်ဖက်နှင့်ပြိုင်တူဆွဲ၍
"ကျွန်တော့်နှလုံးသားလေးလေ ဟောဒီကအကိုကြီးဆီမှာကျန်နေခဲ့တာ"
ဒီတစ်ခါပါးရဲတက်သွားရသူကယွန်းဂီဖြစ်သည်။ မျက်လုံးများပိတ်သည်အထိရယ်ကာ နမ်ဂျွန်းကိုဖက်ရင်း
"ဟုတ်ပါပြီ ကိုနဲ့နေတာကြာတော့စကားတတ်လာတယ်ကြည့်စမ်း"
"HyungဆီကSpecialသင်ထားတာဗျ"
နှစ်ယောက်သားခဏတာခွဲခွာခြင်းကို ပျော်ရွှင်ဖွယ်ရာဖြစ်အောင်ဖန်တီးနေမိကြသည်။
ယွန်းဂီကရယ်နေရင်းမှလက်ပတ်နာရီကိုကြည့်ကာ
"မင်းအမမလာသေးဘူးနော်""အမကိုခေါ်ထားတယ်ခုလောက်ဆိုရင်တော့ထွက်လာလောက်ပါပြီ"
ပြောနရင်းအသက်ရှည်မည့်မဟာရူသည် စလင်းဘတ်လေးလွယ်ကာလက်ဝှေ့ရမ်း၍ပြေးရင်းရောက်ရှိလာသည်။
"နမ်ဂျွန်း!! ယွန်းဂီ!! လေယာဉ်မထွက်သေးဘူးလား"
နမ်ဂျွန်းကထကာအမဖြစ်သူကိုပွေ့ဖက်လိုက်ရင်း
"လေယာဉ်ကနောက်ဆယ်မိနစ်လောက်ဆိုထွက်တော့မှာ အမမှီတာကံကောင်း"
YOU ARE READING
အိမ်မက်ငယ်(Namgi fic)
Fanfictionဒီအရာတွေအားလုံးက အိမ်မက် တွေသာဆိုရင် Alarmမမြည်လာဖို့ ကိုယ်တကယ်ဆုတောင်းတယ်🖤🌧️