အိမ်မက်ငယ်(part:15)

117 15 3
                                    

"အမေ!!"

ယွန်းဂီအိမ်မက်ဆိုးတွေမှလန့်နိုးလာသည် တစ်ကိုယ်လုံးလည်းချွေးတွေရွှဲနစ်နေပြီး
  အမေ အမေထားသွားခဲ့တယ် အမေ့ကိုခေါ်သွားခဲ့တယ်

  သူ လုံးဝမမက်ချင်တဲ့အိမ်မက်ကြီး အမေ သည် သူငယ်ငယ်ကပုံစံအတိုင်းလှပကျော့ရှင်းစွာ Lavendar ပန်းခင်းကြီးဝယ် သူ့ကိုချန်ထားခဲ့သည်
  အမေဟု‌လိုက်ခေါ်သော်လည်းပြန်မကြည့်သူပြေးလိုက်သည် ပြေးလိုက်ခဲ့သည်  အပြုံးလေးနှင့်လက်ပြရင်း
အမေသည် လူတစ်ယောက်နောက်လိုက်သွားခဲ့သည်

"WTF ဘာအိမ်မက်ကြီးလဲ သောက်ရမ်းတွေချည်း "

  စိတ်တိုတိုနဲ့ဆဲပစ်လိုက်သည်
ဆေးလိပ်မီးညှိရင်းနာရီကောက်ကြည့်တော့ ယခုမှ မနက် 5နာရီ

သို့သော်လည်း အမေ့ကိုတွေ့ချင်စိတ်ပြင်းပြလာတာကြောင့်Jacket ကောက်ဝတ်ရင်း ဆိုင်ကယ်ကြီးနဲ့ထွက်လာခဲ့မိတော့သည်

ဆိုင်ကယ်မောင်းနေရင်း
ရင်ထဲလေးလံလာသလို
ညက အမေ့ဆီဘာလို့သွားမအိပ်မိတာလဲလို့တွေးနေမိသည်

  ရင်ထဲမှအသံသည်ဆိုးလ်မြို့ကြီးကိုရိုက်ခတ်သွားလိမ့်မည်လား

"အမေကျွန်တော်လာနေပြီး!!"

အမေ့အခန်းဆီအလောတကောရောက်တော့ အမေအိပ်ပျော်လျှက်ပါပင် အမေ့လက်လေးတွေကိုကိုင်ကြည့်တော့လည်း နွေးနေသည်

"တော်ပါသေးတယ် အိမ်မက်ပဲ ဒါအိမ်မက်ပါပဲ ဟူးး"

အမေသည်နိုးလာခဲ့သည်

"သားငယ်"

"မေ မေမေ "

လက်နွေးနွေးတွေကိုပါးပြင်နဲ့ထိကပ်မိတော့မျက်ရည်တွေအမေ့လက်ပေါ်စိုစွတ်လေပြီ

  "ကလေးရယ်ဘာလို့ငိုနေတာလဲ တိတ်တိတ် ပေတူးလေးဖြစ်နေမယ်"

အမေသည်ငယ်စဉ်ထဲကထိုကဲ့သို့ ချော့မြူခဲ့ပါ၏

"ဟင့်အင်း အမေထွက်မသွားပါနဲ့အုံးနော် နော် အမေနော် "

  အမေသည်ဘာမှမပြောတော့ ရင်ခွင်ထဲပဲ ငိုယိုနေသော ကလေးသဖွယ်သားငယ်ကိုပွေ့ဖက်ထားတော့သည်

အိမ်မက်ငယ်(Namgi fic)Where stories live. Discover now