အိမ်မက်ငယ်(part:27)

78 13 0
                                    

"ငါမင်းနဲ့တွေ့ချင်တယ်ယွန်းဂီ"
ဝရန်တာထွက်ကာ အေးစက်နေသောလေထုကို ခံစားကြည့်ရင်း ယွန်းဂီဖုန်းပြောနေမိသည်။

"မင်းမှာငါနဲ့ပြောစရာရှိတာလား"

တစ်ဖက်မှတစ်ချက်တိတ်သွားကာ
"တွေ့မှငါမင်းကိုပြောပြလို့ရမှာပါ ငါတောင်းဆိုတာပါ "

ယွန်းဂီအသာပြုံးကာ
"Okayလေ မင်းနေရာပို့လိုက် ငါလာခဲ့မယ်"

ဖုန်းချကာ ဝရန်တာကိုမှီရင်းနှင်းမြူမကွဲသေးသည့်မြို့ပြကိုလှမ်းငေးမိသည်။

ခါးကိုသိုင်းဖက်လိုက်သောလက်တစ်စုံနှင့် နားရွက်သို့လာရောက်ထိခတ်သောလေနွေးနွေးများကြောင့်ဂျွန်းငယ်နိုးသွားမှန်းသိလိုက်သည်။

"‌နိုးပြီလားဂျွန်း"

"ဟုတ်"

ပခုံးပေါ်ခေါင်းမှီချရင်း မျက်လုံးများကိုမဖွင့်ဘဲ ခပ်လေးလေးဆိုနေသောနမ်ဂျွန်းဘက်သို့လှည့်ကာ ဆောင်းအေးတာကြောင့်ခြောက်သွေ့နေသော နှုတ်ခမ်းလေးကိုအစိုဓာတ်ပေးလိုက်၏ ။

နိုးပြီဟုဆိုပေမယ့် သူ့ပခုံးထက်ပြန်လည်အိပ်ပျော်သွားပါသော ဂျွန်းကို ချီရင်းကုတင်ပေါ်ပြန်တက်လိုက်သည်။

ရင်ခွင်ထဲတိုးရင်းပြန်အိပ်သွားပုံက အသည်းယားစရာကောင်းလွန်းသည်။

ချမ်းအေးသောဆောင်းနံနက်၌  နံဘေး၌ရှိနေသောအနွေးဓာတ်ကလေးသည် တကယ်ကိုဘုရားပေးသည့်လက်ဆောင်ပါပေ။
..................................................................
နမ်ဂျွန်းမှာသန်ဘက်ခါဆိုလျှင် Germany သွားရတော့မှာဖြစ်သည်။ မသွားရသေးခင်လေးတွင် Hyungနှင့်နီးနီးကပ်ကပ်နေရရန်ဆိုင်ပါပိတ်ထားလိုက်သည်။

နှစ်ယောက်သားကတစ်နေကုန်အိမ်မှာပဲအတူအချိန်ကုန်ဆုံးဖြစ်ကြသည်။

"Joon.. ကို ချိန်းထားတာရှိလို့ခဏသွားလိုက်အုံးမယ်နော် ပြန်လာမယ်"

ကုတင်ပေါ်ငုတ်တုတ်ထိုင်ကာ မျက်လုံးများကိုပွတ်ရင်း ဟုတ်ဟုပြန်ဖြေသည်။

ရှုပ်ပွနေသောဆံပင်လေးနှင့် ယွန်းဂီ၏Hoodie ကြီးထဲတွင် မြုပ်တောင်‌ နေသောအကောင်ပေါက်မှာမတရားချစ်ဖို့ကောင်းသည်။ ကိုယ့်ဟာကိုယ်ဝတ်ပါဆိုလည်း Hyungဟာပဲဝတ်မယ်ဆိုပြီးဂျီကျသဖြင့် ပေးဝတ်ထားရခြင်းဖြစ်သည်။

အိမ်မက်ငယ်(Namgi fic)Where stories live. Discover now