*Little Dream*
မနက်ခင်း၏နေရောင်ခြည်ဖျော့ဖျော့က ကုတင်ထက် နှစ်ခြိုက်စွာအိပ်ပျော်နေသော ကောင်လေး၏ မျက်နှာပေါ် ဖြာကျလျှက်ရှိသည်
အလင်းရောင်ကျလင့်ကစား ဆက်အိပ်ပျော်နေသေးသော ဂျွန်းရဲ့နဖူးပြင်လေးကိုဖွဖွနမ်းမိသည်
"သိပ်မြတ်နိုးရတယ် ကို့ကလေးငယ်"
ယွန်းဂီတစ်ယောက်တိုးတိတ်စွာရေရွတ်ရင်း ရေချိုးခန်းထဲဝင်လာခဲ့သည်
သူရေချိုးပြီးတော့ ကောင်လေးမှာနိုးနှင့်နေပြီ
"နိုးပြီလား ရေချိုးလိုက်အုံး ကိုမနက်စာပြင်လိုက်အုံးမယ်"
ကုတင်ပေါ်တွင် ငိုင်ငိုင်ကြီးထိုင်လျှက်ဘာမှပြန်မပြောဘဲ ရွေ့တောင်မရွေ့သေးသော ဂျွန်းဘေးတွင်ဝင်ထိုင်လိုက်တော့ ထဖို့ပြင်သည်
"နေအုံး"
ပြောရင်းလက်ကိုလှမ်းဆွဲလိုက်ရာ ကောင်လေးမှာသူ့ရင်ခွင်ထဲသို့တန်းရောက်လာသည်အတင်းထမယ်ပြင်တော့ သွားခွင့်မပေး နိုင်ပါ
အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေသောသူ့ကြောင့် ရှက်ရွံဟန်ပေါ်လျှက်ပါးပြင်များပါနီနေလေပြီး
"Hyung !"
နမ်ဂျွန်းတစ်ယောက် မနေ့ကကိစ္စရပ်တွေအတွက် လောလောဆယ်ဘာမှစဉ်းစားမရသေး ဒီထက်ပိုဆိုးသည်က သူ့ကိုပုံမှန်အတိုင်း နူးညံစွာဆက်ဆံနေသောHyungကြောင့်ပင် သူထထွက်သွားဖို့ပြင်တော့ဆွဲတားထားသည်
Hyung ပေါင်ပေါ် ထိုင်နေရပြီး ရင်ခွင်ထဲ ရောက်နေတာကြောင့် မျက်နှာတွေနီနေတာကိုသူဖုံးလို့ပင်မရပါ
ယွန်းဂီက ခါးလေးကိုပွေ့လိုက်ရင်း ပါးပြင်ကိုနမ်းသည် သေချာကြည့်လေကောင်လေးငယ်ကပိုချစ်ဖို့ကောင်းလာလေ
"Hyung လွှတ်ပါ"
သူအတင်းရုန်းပြီး ထမယ်ပြင်တော့
သူ့တစ်ကိုယ်လုံးကို အားအင်သန်လှတဲ့လက်တွေနဲ့ အုပ်ကိုင်ထားကာ အနမ်းခြွေနေလေသည်
" ကိုမင်းကိုချစ်တယ် အဲ့တာကြောင့်မို့လို့ အဓိပ္ပာယ်မရှိတဲ့အကြောင်းပြချက်တွေနဲ့ ကို့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့"
YOU ARE READING
အိမ်မက်ငယ်(Namgi fic)
Fanfictionဒီအရာတွေအားလုံးက အိမ်မက် တွေသာဆိုရင် Alarmမမြည်လာဖို့ ကိုယ်တကယ်ဆုတောင်းတယ်🖤🌧️