အိမ်မက်ငယ် part:9

104 18 0
                                    

အဲ့ဒီနေ့ပြီးနောက်ယွန်းဂီတစ်ပါတ်လောက်ပျောက်သွားသည်
ထိုတစ်ပါတ်အတွင်း နမ်ဂျွန်းတစ်ယောက် တွေ့ချင်သလိုလိုသတိရသလိုလို လွမ်းသလိုလိုတွေနှင့် တစ်ယောက်ထဲအနေခက်နေခဲ့ရသည်
   တစ်ပါတ်ပြည့်၍ တစ်ရက်ကျော်သောနေ့၌ နမ်ဂျွန်းဆီသို့ အဝင်callရောက်လာသည် ဖုန်းမျက်နှာပြင်မှပြနေသော "Hyung"ဆိုသည့်နာမ်စားက လုပ်လက်စတွေအကုန်ရပ်တန့်သွားစေသည်

  ဒုတိယအကြိမ်ဖုန်းထပ်မြည်လာခါမှ နမ်ဂျွန်းကောက်ကိုင်လိုက်သည် တစ်ဖက်မှ ပြတ်သားစွာထွက်ပေါ်လာတဲ့အသံကြောင့် ခဏထိုင်ချလိုက်ရသည်

  "ဟယ်လို ကောင်လေး မင်းဘယ်မှာလဲ"

   "ဆိုင်မှာပဲ"

တိုတိုပြတ်ပြတ်တုံ့ပြန်သံကြောင့်ယွန်းဂီမျက်မှောင်ကြုံ့သွားသည် အနေရခက်‌ခြင်းတွေကမပျောက်သွားသေးဘဲ အခုမှပိုဆိုးလာမည်မို့လို့များလားပင်

  "ငါလာခဲ့ရမလား"

နမ်ဂျွန်း တစ်ယောက် ခုန်လာတဲ့နှလုံးခုန်သံကိုအကျယ်ကြီးပြန်ကြားနေရသည်နဲ့တူသည် သို့သော်လည်းအတတ်နိုင်ဆုံးပြန်ထိန်း၍

  "ခင်မျာကဘာလုပ်မို့လဲ"

အေးစက်စက်အသံကြောင့် ယွန်းဂီပိုလို့သွားချင်သွားသည်

  "မင်းကိုတွေ့ချင်လို့ လာခဲ့မယ် "

"ဟင်"

ထိုတစ်ခွန်းမျှသာဆိုပြီး ဖုန်းချသွားလေသည်

နမ်ဂျွန်းကြောင်တက်တက်ဖြင့်ထိုနေရာမှာပင်ထိုင်နေမိသည်

  ရင်ထဲတော့ဝမ်းသာသွားသလိုရှိသောလည်း မျက်နှာချင်းဆိုင်ရမှာတစ်မျိုးကြီးဖြစ်နေသည်
  ဘယ်သောအခါကမှ ယောင်္ကျားလေးတစ်ယောက်ဆီက "မင်းကိုသဘောကျတယ်"လို့အတည်ပေါက်ကြီးနဲ့ပြောတာကိုမခံဖူးခဲ့ အသက်24အရွယ်အထိ ရည်စားတောင် သေချာထားဖူးခဲ့တာမဟုတ်

အလုပ်နဲ့စာ စာနဲ့အလုပ်သာတိုင်ပတ်နေခဲ့သည်

အတွေးကမ္ဘာထဲဝင်ရောက်နေစဉ် တံခါးခေါက်သံကြားလိုက်ရမှ အာရုံတို့ပြန်ကပ်လာသည်

အိမ်မက်ငယ်(Namgi fic)Where stories live. Discover now