"California poppy ပန်းလေးတွေကပြောတယ် မင်းကကိုယ့်ရဲ့အိမ်မက်လေးပါ"တဲ့
March 9 ;2018
ဒီနေ့က သူ့မွေးနေ့ အမေရှိတဲ့ဆေးရုံမှာပဲ ဖြတ်သန်းရတော့မည် အမေအသည်းအသန်ဖြစ်ပြီးနောက်ပိုင်း ဘယ်နေရာဝေးဝေးလံလံမျှမသွားဖြစ်
Delivery လိုက်ပို့တဲ့အလုပ်ကနေလဲ ထွက်လာပြီး လက်ရှိအလုပ်လက်မဲ့အခြေအနေနဲ့ အမေ့အနား ရှိနေရသည်
လူကသာဗီဇဆိုးပေမယ့် လက်တော့မဖွာ ကုတ်ကပ်စုထားတာလေးတွေရှိတော့အနည်းငယ်အဆင်ပြေသည်မတ်လသို့ရောက်လာပြီးဖြစ်သောကြောင့် ဆေးရုံဝင်းထဲရှိ ချယ်ရီပင်များတွင် ကြွေတလှည့်ဝေတလှည့် ချယ်ရီများလှပစွာ
အမေ့အနားနေရင်း အမေအိပ်ပျော်သွားစဉ်ခဏ ယွန်းဂီ ခဏအညောင်းပြေရန် ဆေးရုံဝင်းထဲ ဆင်းလာခဲ့သည်
ဆေးလိပ်မသောက်ရနယ်မြေဆိုတော့ ပါလာတဲ့ဘူး လေးကိုအိတ်ကပ်ထဲထည့်သိမ်းရင်း
လေးလံတဲ့ခြေလှမ်းတွေနဲ့ပဲ တစ်လှမ်းချင်း ခပ်လှမ်းလှမ်းကချယ်ရီပင်လေးအနားကို လျှောက်သွားမိသည်
ချယ်ရီပင်လေးအောက်တွင် လူအများနားနေထိုင်ကြရန်ခုံ လေးတစ်ခုရှိသည်"Hyung"
ယွန်းဂီ ခေါင်းမော့ကြည့်မိလိုက်တော့
Lavendar ပန်းစည်းလေးကိုကိုင်
လျှက် နှစ်လိုဖွယ်ကောင်းစွာပြုံးပြနေသော ကင်နမ်ဂျွန်း"Hyung အမေရော "
"ခဏအိပ်နေတယ် မင်းက ဘာကိစ္စလဲ"
ကင်နမ်ဂျွန်းက သူ့ဘေးဝင်ထိုင်ရင်း
" Hyung အမေအတွက် ပန်းလာပို့တာ"
"ငါမမှာထားပါဘူး "
"Aww သူငယ်ချင်းတစ်ယောက်ရဲ့ အမေ ပဲလေ လက်ဆောင်ပေးမလို့ပေါ့""Aww အဲ့လိုလား ငါ့အတွက်ရော ဘာမှမပါဘူးလား"
ကင်နမ်ဂျွန်းက ရယ်ရင်း "မပါဘူး Hyung ဘာလဲ ပန်းလိုချင်လို့လား"
ယွန်းဂီက တည်ငြိမ်တဲ့လေသံနဲ့
"ဒီနေ့ကငါ့မွေးနေ့လေ"
နမ်ဂျွန်းရယ်နေရာမှ ရပ်သွားပြီး
လွယ်အိတ်ထဲမှ မှတ်စုစာအုပ်ကို ကောက်ထုတ်သည်
ပြီးနောက်
Date လေးတစ်ခုကို ရေးမှတ်လိုက်သည်9.3.1993
(Hyung's Birthday)ရေးပြီးသွားတော့မှ "အစောကြီးထဲက သိချင်နေတာ မုန့်စားမလား ဝယ်ကျွေးမယ်လေ မွေးနေ့ရှင်ကို"
YOU ARE READING
အိမ်မက်ငယ်(Namgi fic)
Fanfictionဒီအရာတွေအားလုံးက အိမ်မက် တွေသာဆိုရင် Alarmမမြည်လာဖို့ ကိုယ်တကယ်ဆုတောင်းတယ်🖤🌧️