အိမ်မက်ငယ် (part 5)

146 20 0
                                    

February 14

I just wanna be okay ..
သီချင်းသံတိုးတိုးလေးသည် ဆိုင်ငယ်လေးအတွင်း ပျံ့လွင့်သွားသည်
ဒီနေ့က "အပြည်ပြည်ဆိုင်ရာ ချစ်သူများနေ့"
ပန်းစည်းorder တွေ တစ်သီကြီးရောက်ထားပါ၏
နေ့လည် တစ်နာရီပဲရှိသေးတာကြောင့်
မှာထားသည့်သူများမရောက်လာသေးပေ

ပန်းတွေကိုဖြတ်လိုက် စည်းလိုက်
သူတို့စိတ်တိုင်းကျရွေးချယ်ထားသည့်ပုံစံများ ပြုပေးနေလိုက်ဖြင့် တစ်နာရီကျော်ကျော်ကြာသွားမှ
‌ဇာတ်နာလာသည်
ပန်းများကိုကိုင်တွယ်ရသောအလုပ်ဖြစ်သော်လည်း ဂရုစိုက်ရသောကြောင့် အနဲငယ်တော့ပင်ပန်းပါသည်

ပန်းအိုးတင်ထားရာစားပွဲပေါ်ခေါင်းချရင်း ခဏမှေးမိသွားချိန်မှာ မည်မျှပင်ကြာသွားသည်မသိ ထိုးကျနေသောနေရောင်ကိုပင် မျက်ကွယ်ပြု၍ သူအိပ်နိုင်သည်

"ဟိတ် ကင်နမ်ဂျွန်း "

အိပ်ပျော်နိုင်သော်လည်း ချက်ချင်းနိုးတတ်သည့်အကျင့်ကြောင့် မျက်လုံးကို ကမန်းကတန်းဖွင့်မိတော့ ရင်းနှီနေပြီးဖြစ်သည့်မျက်နှာ

"ဟာ Hyung "

"နေ့လည် ဘက်ကြီးအိပ်နေတာလား
ညကျမအိပ်ဘူးလား"

ခုံကိုစွေ့ခနဲဝင်ထိုင်ရင်း အနားက ပန်းအိုးကို ကလိနေသည် လာရသည့်ရည်ရွယ်ချက်ကိုတောင်မပြောရသေး

"အင်းညကျ စာလုပ်ရသေးတာ"
"မင်းကျောင်းတက်နေတာလား"
"Online ကတက်တာပါ"
"Aww ကောင်းတာပေါ့ ကြိုးစား"
"ဟုတ်ကဲ့ပါဗျာ"
နမ်ဂျွန်းသည် ထိုင်ရာမှထ၍ အာခြောက်နေသောကြောင့် ရေဘူးလေးကိုကောက်ဖွင့်ရင်း သောက်မိသည် ဒါကို ကိုယ်တော်ချောက သူ့နဲနဲတိုက်ဆို၍ ပေးရသေးသည်
" ငါ့ကိုလဲရေပေးပါလား "

"ရော့ ဒီမှာ "

‌နံရံပေါ်ကနာရီကိုကြည့်မိသော်အခါ သုံးနာရီပင်ထိုးတော့မည်ဖြစ်သောကြောင့် အလုပ်များလက်စသတ်ရမည်

လုပ်လက်စအလုပ်တွေကို ပြန်လုပ်ရင်း "ပန်းဝယ်မလို့လား"
ထိုစကားကိုယွန်းဂီကြားတော့ စိတ်ထဲတွင် "ပန်းမဝယ်လဲလာလို့မရဘူးလား"ဟု တွေးမိသွားသည်

အိမ်မက်ငယ်(Namgi fic)Where stories live. Discover now