အိမ်မက်ငယ် (Part:21)

108 15 2
                                    

အထက်တန်းပထမနှစ်"
ယွန်းဂီ၏အမေဖြစ်သူဂျမ်မီသည် သတင်းလာပြောပြသောသူ၏မျက်နှာကိုရီဝေသောမျက်ဝန်းများနှင့်ပြန်ငေးကြည့်လိုက်၏

"မင်ဒယ်ဟွန်းသေသွားပြီ"

ကျောင်းမှအခုမှပြန်ရောက်လာသောယွန်းဂီသည် ရောင်ကိုင်းနေကာ‌ သွေးစများပေနေသောသူ့လက်ကို ဘေစင်မှာသေချာဆေးရင်း အားရပါးရအော်ရယ်လိုက်သည်
မျက်ရည်စတွေတွဲခိုဖို့ပြင်လာတဲ့မျက်လုံးတွေကို မှန်ထဲသေချာစိုက်ကြည့်ရင်း ထပ်ရယ်လိုက်သည်
"ငါကဘာလို့ငိုရမှာလဲ တန်လို့လား? ဒီလူအတွက်ငိုရမယ်ဆိုတာက Fuck"

အခန်းထဲပြင်းထန်သောခြေလှမ်းများနှင့်ဝင်သွားသောယွန်းဂီကို အမေဖြစ်သူ ဂျမ်မီတစ်ယောက် ဂရုဏာအပြည့်ဖြစ်သောမျက်လုံးများဖြင့်လှမ်းကြည့်နေသည် ထို့နောက်သတင်းလာပြောပြသူအား
"ဈာပန ကျင်းပမယ့်နေရာနဲ့ နေ့ကိုပြောပါ သားငယ်လာပါလိမ့်မယ်"
သူမတော့မသွားပါ ယခုအချိန်တွင် ဆိုင်တော့သည့်ကွန်ရက်လေးမှာ မင်ယွန်းဂီဟူသောသားငယ်သာရှိသည်

ဈာပနာရက်

ပကတိတည်ငြိမ်သည့်မျက်နှာသေဖြင့် ယွန်းဂီသည် ဈာပနခန်းမထဲတစ်လှမ်းချင်းဝင်လာသည်
အဖေဘက်မှအဘွားဖြစ်သူက သူ့ကို သေချာတောင်မကြည့်
အဒေါ်တွေက မဲ့ကာရွဲ့ကာဖြင့် ကြည့်နေကြသည် "သူတို့လည်းငါဘာကောင်လဲဆိုတာသိပြီးလောက်ပြီထင်ပါရဲ့ အဟက်"
ကြောက်ဖို့ကောင်းလောက်အောင် သွားများပါပေါ်ကာရုတ်တရက်ပြုံးချလိုက်သော ယွန်းဂီကိုလူတိုင်းအံဩတကြီးငေးကြည့်နေ၏
အဲ့သည့်အပြုံး
ဈာပနာဓာတ်ပုံထဲက ပြုံးပြနေတဲ့အဖေဆိုသူကို တည့်တည့်စိုက်ကြည့်ကာ အောင်နိုင်သူကဲ့သို့ သွေးအေးသောအပြုံးတစ်ခုကိုပြုံးရင်း ဂန္ဓာမာအဖြူကို ချထားလိုက်သည်

"သွားတော့Dadရေ မွေးပေးခဲ့တဲ့အတွက်တော့ကျေးဇူးပါပဲ
စွန့်ပစ်ခဲ့တဲ့အတွက်တော့Fuckပါပဲ"

ထိုသို့ပြောကာ ဦးညွတ်လိုက်သည် တစ်ဆက်တည်းမှာပင် Middle fingerထောင်ပြ၍ တစ်ချက်တည်းပြန်ထွက်လာခဲ့သည်

သူ၏အပြုအမူကိုမြင်လိုက်ရသော အဒေါ်များနှင့်အဘွားတို့မှ အရိုင်းအစိုင်းကောင်ဟုပြောကျန်နေခဲ့ကြသည်
ဈာပနခန်းမမှပြန်အထွက်တွင် ခိုးကြောင်ခိုးဝှက်ဖြစ်နေကာ ဈာပနခန်းမသို့ဝင်သင့်မဝင်သင့် ဖြစ်နေသော မိန်းမကြီးတစ်ယောက်နှင့်တိုက်မိလေသည်

အိမ်မက်ငယ်(Namgi fic)Where stories live. Discover now