"နွေဦးမှာပွင့်တဲ့တတိုင်းမွှေးလေးလို
ဆောင်းတွင်းမှာကျဆင်းတဲ့နှင်းပွင့်ငယ်တွေလို
မိုးရာသီရောက်တိုင်း အဖော်ပြုပေးတဲ့မိုးရေစက်တွေလို ပြီးတော့ ဘယ်တော့မှမနိုးထချင်တဲ့ အလှပဆုံးအိမ်မက်ငယ်တစ်ခုလို"ရော်ရွက်ဝါများမှာ လေ၏နှင်ရာသွားရင်း ကားလမ်းမပေါ်တွင်ပြန့်ကြဲလျှက်ရှိသည်။
လမ်းဘေးနေရာတစ်ချို့တွင် တတိုင်းမွှေးပန်းများလည်းပွင့်နေပြီဖြစ်ရာ ပွင့်ဖတ်ကလေးများနှင့်အတူ သင်းရှရှရနံ့တို့ကလည်းလွင့်ပျံ့လျှက်ရှိသည်။
ပထမဆုံးအတူလက်ဆုံစားခဲ့တဲ့နေရာ..
အမှတ်တရတွေစတင်ခဲ့ရာနေရာကို နှစ်ယောက်သားပြန်ရောက်နေမိခဲ့ကြတယ်။
ယွန်းဂီဖွင့်ပြောခဲ့တဲ့နေရာလို့ပြောရင် လည်းမမှားနိုင်
အဲ့သည့်တုန်းကရှက်သွားတာလေးကို အခုထက်ထိယွန်းဂီမေ့မရ ဒီလိုအကောင်ပေါက်လေးကိုသူချစ်မိသွားတာ သဘာဝကျတာပဲ
အဒေါ်ကြီးဆိုင်က ငါးနှစ်နီးပါးကြာမြင့်သွားတောင် နေရာအနည်းငယ်ချဲ့သည်မှလွဲ၍ မပြောင်းလဲသွား
နေစောင်းချိန်ဖြစ်တာကြောင့် အကျနေကအပင်တွေ၏အရိပ်ကိုလှပနေစေသည်။
နမ်ဂျွန်းလက်ကိုဆွဲကိုင်ရင်းထိုလမ်းလေးပေါ်သူတို့လျှောက်လာခဲ့ကြသည်။
"Hyung"
"ပြောလေ"
"ဒီနေရာကမပြောင်းလဲသွားဘူးနော် အဲ့အပင်လေးတွေလည်းအဲ့အတိုင်းပဲ အဒေါ်ကြီးဆိုင်ရောပဲ"
"ဟုတ်တယ် မပြောင်းလဲသွားဘူး"
ဝင်တော့မည့်နေဝန်းကြီးကိုငေး နေရင်း မှရွက်ဝါလေးတွေ လွင့်နေတာကိုနမ်ဂျွန်းလိုက်ဖမ်းဖို့ကြိုးစားကြည့်သည်။
"ဂျွန်း"
"ဗျာ"
"မင်းကိုနဲ့အတူရှိရရင်ပျော်လား"
ဂျွန်းကအနားသို့လျှောက်လာကာ ယွန်းဂီခေါင်းပေါ်တင်သွားသောအရွက်ကလေးကိုဖယ်ကာ
" အရင်ကအတိုင်းပဲကြောင်ပေါက်လေးဖြစ်တုန်း "
တည်ငြိမ်သောမျက်နှာပေးဖြင့်ယွန်းဂီကနမ်ဂျွန်းလက်ကိုဆွဲကာ
YOU ARE READING
အိမ်မက်ငယ်(Namgi fic)
Fanfictionဒီအရာတွေအားလုံးက အိမ်မက် တွေသာဆိုရင် Alarmမမြည်လာဖို့ ကိုယ်တကယ်ဆုတောင်းတယ်🖤🌧️