အိမ်မက်ငယ်(part:23)

99 12 1
                                    

ဂျယ်ဂျူဒိုမှပြန်ရောက်ပြီးရှင်းစရာရှိတာများရှင်းပြီးသည်နှင့်ယွန်းဂီအမေ့စီရောက်ခဲ့သည်

"အမေအေးအေးချမ်းချမ်းရှိနေတယ်မဟုတ်လား ကျွန်တော်လည်းအဆင်ပြေပါတယ် ကျွန်တော်အလုပ်သစ်တစ်ခုလုပ်တော့မယ် အမေ "

ကမူလေးထိပ်ကသစ်ပင်လေးက အမေ့ပုံရိပ်လိုပင် ငြိမ်းချမ်းလှသည်

အနာဂတ်အတွက်အစီအစဉ်တွေကိုအမေ့ကိုပြောပြမိသည် အမေကတော့ပိုကောင်းတဲ့နေရာတစ်ခုကနေသူ့ကိုပြုံးကြည့်နေလိမ့်မည်ထင်သည်

" ကျွန်တော် နမ်ဂျွန်းနဲ့ဘဝတစ်ခုတည်ထောင်ချင်တယ် အမေ အလုပ်တွေလုပ်မယ် ပိုက်ဆံစုမယ် အိမ်ကလေးဝယ်ပြီးသူကြိုက်တဲ့ပန်းလေးတွေစိုက်ပေးမယ် သူ့ကိုပျော်အောင်ထားမယ် ကျွန်တော်သူ့ကို လက်ထပ်မယ် "

ထိုစကား‌ တွေကိုအမေ့ကိုပြောရတော့ ရင်ထဲ တစ်မျိုးတစ်မည်ခံစားလိုက်ရသည်

"ကျွန်တော်အကောင်းဆုံးရှင်သန်ပါ့မယ်အမေ ကတိပေးပါတယ်"
သစ်ပင်လေးကိုလက်နဲ့ထိတွေ့ကာ ယွန်းဂီပြုံးပြလိုက်သည်

သူမျှော်လင့်ထားသောအနာဂတ်နေ့ရက်များမှာတော့...
..... ..... ..... ..... ..... ...... ....... ........

မွန်းကြပ်နေတာလား ဝမ်းနည်နေတာလား သေချာတာကတော့ လုံးဝမပျော်တာအမှန် လွန်ခဲ့သောနေ့ရက်များစီက ပြုံးပျော်နေခဲ့ရခြင်းတွေက အခုချိန်မှာ အမှတ်တရတွေသာဖြစ်ခဲ့သည် မထိုက်တန်ဘူးလို့ယူဆပြီးတဲ့နောက် ချစ်ရသူရှေ့ကမြူမှုန်လေးလိုပျောက်ကွယ်သွားချင်တော့တာပါပဲ ..

ထွက်ပြေးချင်နေတဲ့သူ့အဖို့ ပညာတော်သင်သွားရန် ကမ်းလှမ်းတဲ့ စာက ပြုံးပြနေသယောင်ယောင် Germany ကို လေးနှစ်တဲ့
ကောင်းလွန်းတဲ့ဉာဏ်ကဒီတစ်ခါလည်းအသုံးဝင်စွာပါပဲ

ဒီကိစ္စကိုဖုံးကွယ်ထားသေးဖို့ဆုံးဖြတ်ချက်ချတော့ ရင်ဘတ်ကအောင့်ခနဲ နောက်နှစ်ပါတ်နေရင်ပဲ သွားရတော့မည်

ကျူးလစ်နီနီတွေကိုညှပ်ရင်း ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တွေကို ပါးခြိုင့်ခွက်ကလေးတွေထဲ စီးဝင်သွားသည့်အထိနမ်ဂျွန်းတစ် ယောက်ဟန်ဆောင်ပြုံးကြည့်ခဲ့တယ် ဒါမှသာ သူ့ကိုမုန်းအောင်လုပ်လို့ရမှာမဟုတ်လား
ကံကြမ္မာကဆန်းကြယ်လွန်းတာမို့ အရာရာကိုကံလို့သာပဲမှတ်ယူရင်း အဲ့သည့်တစ်နေ့လုံး သူဝမ်းနည်ခဲ့ရပြန်တယ်
.... ..... ..... ...... ....... .......... .......
"ဟယ်ရီ "
"ချန်းဝန်း"
သူတို့နှစ်ယောက်တွဲလိုက်ပြီးချိန်မှစကာ ‌တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာသကဲ့သို့ နားလည်မှုတွေလည်းပိုရှိလာခဲ့သည်

အိမ်မက်ငယ်(Namgi fic)Where stories live. Discover now