7(zawgyi and uni)

2.4K 263 9
                                    

အင်ပါယာ၏ မောင်းမဆောင်တွင် ဧကရီ ၁ပါး၊မိဖုရား ၂ပါး၊ကိုယ်လုပ်တော် အပါး ၃၀ ရှိပြီး အင်ပါယာတွင်  သားသမီး ၄ယောက်ရှိသည်။ပထမ မင်းသား ကျန့်ယင်ကျဲကို ဧကရီမှ ဖွားမြင်ပြီး ၊ဒုတိယ မင်းသား ကျန့်ရွှေ ကို ပထမ မိဖုရားမှ ဖွားမြင်သည်။ပထမ မင်းသမီး နှင့် ဒုတိယ မင်းသမီး ကျန့်ဖန်ဆု နှင့် ကျန့်ကျဲ တို့ကို ကိုယ်လုပ်တော် ၅ နှင့် ပထမ ကိုယ်လုပ်တော်တို့က အသီးသီး ဖွားမြင်ခဲ့ကြသည်။

''ဒီတော့ ငါ့မှာ ငါ့လို အပြိုင် မယားငယ် ၃၂ ယောက်နဲ့ လင်ပါသား ၄ယောက် ရှိတယ်ပေါ့''လဲ့ဟွမ်က မောင်းမဆောင်ထဲရှိ စိတ်ပျက် စရာ ကိစ္စတို့ကို ရွဲ့ကာ မှတ်ချက် ပြုလိုက်သည်။

''ဟုတ်ကဲ့  အင်ပါယာ ဘုရင်မင်းမြတ်က အလွန်ကို စွမ်းဆောင်နိုင်စွမ်းရှိတဲ့သူပါ။နိုင်ငံအတွက် အင်ပါယာ သွေးမျိုးဆက် ပျံ့နှံ့စေပြီး နိုင်ငံရဲ့ လူမှုစွမ်းအားကိုတိုးတက်အောင် စွမ်းဆောင်နိုင်ဆုံးသူပါ''မိန်လင်းက လေးစားသလို ပြောလိုက်သည်။
(TN: သခင်နဲ့ အစေခံနဲ့ တော့ ဟုတ်နေတာပဲ။ဘုရင်ကို ခုထိ မမြင်ရသေးပေမဲ့  တော်တော် အမြင်ကတ်နေပါပြီ)

"ဆိုတော့ အင်ပါယာက ဒီနန်းတော်ထဲမှာ မျိုးပွားဌာနကြီးပေါ့။သက်ရှိ မျိုးပွားစက်ကြီးဘဲ။''

ရှေးခေတ် လူမျိုးများ၏ အတွေးအခေါ် အယူအဆ များနဲ့ ပက်သက်ပြီး လဲ့ဟွမ်က အရမ်းကို ရယ်ချင်နေမိသည်။ခေတ်သစ်မှာတော့ လူတစ်ယောက်ကို သားသမီး၎ ယောက်က အလွန်းကို များပြားသော ပမာဏ ဖြစ်သည်။ထို့ကြောင့် လူဦးရေ လျော့ချနေရသည်။ရှေးခေတ်အခါတွင် အမျိုးသမီးများ၏ တန်ဖိုးက အမျိုးသား များလောက် တန်ဖိုးမရှိပေ။အမျိုးသားမရှိသော အမျိုးသမီးများ၏ ဘဝသည် အလွန် မလုံခြုံသလို သူ့ဘာသာ သူလဲ မရပ်တည်နိုင်ပေ။ ဒါက ဘယ်လို အတွေးအခေါ်ကြီးလဲ။သို့သော်လည်း လဲ့ဟွမ်ကတော့ သူ့ဘဝတွင် အမျိုးသားများမရှိလဲ အဆင်ပြေပါသည်။အထူးသဖြင့် ကိုယ်လုပ်တော်၊ မယားငယ် တို့ကို တစ်ခါသုံးပစ္စည်းလို သဘောထားသော ဒေါသကြီးသော ထို မျိုးမစစ်လို လူမျိုးပင်။သူဘဝက နိုဘယ်တွေထဲကလိုမျိုး ဘဝ လမ်းခရီးက ကြမ်းတမ်းသော်လည်း  နန်းတော်ထဲတွင်  ထောင်ကျနေသလိုဘဝ မျိုးတွင် မနေလိုပေ။သူလွတ်မြောက်ချင်သည်။လှောင်ပိတ်ခံဘဝမျိုး သူမနေချင်ပေ။ဒါက ဆိုးဝါးသော အကြံအစည် တစ်ခုဖြစ်ပြီး အဖမ်းခံရနိုင်တယ်ဆိုသော်လည်း နန်းတွင်းအပြင်သို့ သူထွက်ပြေးချင်မိသည်။အပြင်မရောက်ခင် နန်းတော် ဝင်ပေါက်မှာ တင် အဖမ်းခံရနိုင်သော်လည်း  သူကြိုးစားကြည့်ချငိမိသည်။သို့သော်လည်း   အင်ပါယာ၏ ခွင့်ပြုချက်မရဘဲ သူတို့ထွက်ခွင့်မရနိုင်ပေ။သူ့ကို သူတို့ကို လွှတ်ပေးဖို့ အင်ပါယာကို မေးပြန်ရင်လည်း  ရလဒ် ၂ ခုဘဲရှိသည်။တစ်ခုကခေါင်းဖြတ်ခံရတာ နဲ့ နောက်တစ်ခုက ပြည်နှင်ဒဏ်ပေးခံရတာ တို့ဖြစ်သည်။ထို ကောက်ကျစ်သော မကောင်းဆိုးဝါးကောင်က သူတို့၂ယောက်ကို သတ်တာ ဒါမှမဟုတ် မိန်လင်းကို ပြည်တန်ဆာအိမ်သို့ရောင်းချခြင်းမျိုးပြုလုပ်နိုင်သည်။အင်ပါယာ၏ မျက်နှာသာ ပေးခြင်းက ဆုံးရှုံးပြီးသားမို့ မထူးခြားပေ။ရာထူးဆုံးရှုံးခြင်း နှင့် အင်ပါယာက နာ့ကျွမ်ကို ဘယ်လောက်ပင် မနှစ်မျို့ပါစေ  ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ထိုအရာ အားလုံး ကျေးဇူးတင်မိသည်။သူအအေး နန်းဆောင်ကို ရောက်ကထဲက အခုအခြေအနေ နဲ့ပက်သက်ပြီး သူစိတ် အနှောက်အယှက် မဖြစ်မိပေ။မောင်းမဆောင်တွင် အင်ပါယာ၏ အာရုံစိုက်မှု ကို ရရှိရန် အချင်းချင်း ပြိုင်ဆိုင် ချောက်ချခြင်းများ ပြုလုပ်စရာ မလိုပေ။ပြီးတော့ သူက ဘယ်တော့မှ နာ့ကျွမ်လို ပြုမူလိမ့်မည် မဟုတ်ပေ။သူက လဲ့ဟွမ်ဖြစ်သည်။သူက တစ်စုံတစ်ယောက်ကို လွယ်လွယ်နှင့် ကျရှုံးမှာ မဟုတ်ပေ။သူကဘပုဂ္ဂိုလ်ရေးအရ သဘောမကျတာနှင့်  အပြစ်တင် စွန့်ပစ်တတ်သော ထိုမျိုးမစစ် လို ကောင်၏ အာရုံစိုက်မှုကိုလမလိုအပ်ပေ။

ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်းTempat cerita menjadi hidup. Temukan sekarang