အပိုင်း-22
အင်ပါယာ အရှင်အတွက် ယနေ့က
ဘာလုပ်လုပ် အဆင်မပြေသောနေ့ဖြစ်သည်။ဘာဖြစ်လို့ နာ့ကျွမ်က အင်ပါယာမယ်တော်ကြီးဆီ တစ်ကယ် သွားလည်သလဲဆိုတာ
စဉ်းစားမရပေ။သူတို့ အရင်က အဆင်မပြေဘူး မလား။ဒါဆို ဘာလို့ မယ်တော်ကြီးဆီ မသွားရဖို့ သူ့ဆီလာပြီး မတောင်းဆိုရသလဲ။''အင်ပါယာအရှင် အလုပ်လုပ်ရတာ အရမ်းပင်ပန်းနေရင် ဘာဖြစ်လို့ ခဏလောက် မနားလိုက်တာလဲ'' ၁၇ ယောက်မြောက် ကိုယ်လုပ်တော်က ပြောလိုက်သည်။
အင်ပါယာက ဘာစကားတစ်ခွန်းမှ မပြောပေ။သူအလုပ်လုပ်နေစဉ် အတွင်း ယခုလေးတင် ရောက်လာပြီး သူ့ကို လက်ဖက်ရည် လာဆက်သနေတာဖြစ်သည်။သူက သူမကို အေးစက်စွာကြည့်လိုက်ပြီး အစေခံများဘက်လှည့်ကာ
''အင်ပါယာ မယ်တော်ကြီးနန်းဆောင်က ဘာဆူပူလှုပ်ရှားမှု အကြောင်း ကြားမိလဲ'' သူက မေးလိုက်သည်။
''ဘာဆူညံသံမှ မကြားပါဘူး အရှင်မင်းကြီး ခပ်လှမ်းလှမ်းကနေ စူးစမ်းရသလောက် ၆ ယောက်မြောက် ကိုယ်လုပ်တော် အလည်သွား ကထဲက အင်ပါယာ မယ်တော်ကြီး နန်းဆောင်က တိတ်ဆိတ်ငြိမ် သက်နေပါတယ် အရှင် မင်းကြီး '' အစေခံက ရိုရိုကျိုးကျိုး ဖြေပေးလိုက်သည်။
ဒါကကောင်းတယ်။ အင်ပါယာက သူ့စိတ်ထဲ နည်းနည်း စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ထို့နောက် ကိုယ်လုပ်တော် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။သို့သော်လည်း သူက ၄င်းကို မသောက်ခဲ့ပေ။
ကိုယ်လုပ်တော်က စိတ်ဆိုးသွားပြီး မနာလိုမှုကိုလည်းခံစားရသည်။အခုလတ်တလော အရှင်မင်းကြီးက နာ့ကျွမ်ကို အလွန်အာရုံစိုက်နေသည်။ထိုလူ၏ ကလေးက သေဆုံးသွားပြီး အဝေးကို စွန့်ပစ်ခံရသော်လည်း မသေတဲ့အပြင် ကိုယ်ဝန်ကလဲ ဆက်လက်ပြီး တည်ရှိနေခဲ့သည်။
''အရှင် အရှင့်ကြည့်ရတာ နည်းနည်း ပင်ပန်းနေသလိုပဲ ခဏလောက်ဖြစ်ဖြစ် အနားယူလိုက်ပါလားဟင်'' သူကနူးညံ့စွာ ပြောလိုက်သည်။
''ငါ အဆင်ပြေတယ်။ မင်းအခု ထွက်သွားလို့ရပြီ။ငါကိုယ်တော် အလုပ်ရှုပ်နေတယ်'' သူက အေးစက်စွာ ပြောလိုက်သည်။
YOU ARE READING
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Historical Fictionunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ