အပိုင်း-၂၅
လဲ့ဟွမ်က အစေခံတစ်ယောက် ကို ခေါ်ပြီး အခန်းထဲကို ဝင်သွားတဲ့အခါမှာ မိန်လင်းက အခြားအစေခံများကို အစီအစဉ်တကျနဲ့ စည်းကမ်းရှိရှိနေထိုင်ဖို့ညွှန်ကြားလိုက်သည်။အရိပ်ရတဲ့ အပင်အောက်မှာ သူတို့က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေစဉ်မှာ မိန်လင်းက သူတို့အတွက် လက်ဖက်ရည်များကို ပြင်ဆင်နေသည်။( လက်ဖက်ရည် နဲ့ အခန်းရဲ့ထောင့်လေးထောင့်မှာ ချခိုင်းထားတဲ့ မီးရှို့ထားတဲ့ အပင်တစ်ချို့က စိတ်ညှို့တာထင်တယ်နော်။သူတို့တောင် မသိလိုက်ဘဲအမှန်တရားကို အလိုလို ထုတ်ပြောမိတာပါ)
''ပထမ ဆုံး မေးခွန်း ဒီကို ဘယ်သူက မင်းကို ပို့လိုက်တာလဲ''လဲ့ဟွမ်က အေးစက်တည်ငြိမ်နေသော မျက်နှာနှင့် မေးလိုက်သည်။
'' ဒါပေါ့ အရှင်မင်းကြီးအပြင် ဘယ်သူရှိမလဲ'' အစေခံက မောက်မာပြီး အထက်စီး ဆန်သော အမူအရာ လေသံဖြင့်ဖြေလိုက်သည်။
'' တကယ်လား မင်းတစ်ယောက်ထဲလား'' သူက မပြောင်းလဲသော မျက်နှာဖြင့် မေးလိုက်သည်။
'' ဒါပေါ့ မင်းဘယ်နှစ်ယောက်မြင်လို့လဲ။အရူးလာဟ''
အစေခံက သူမ ပါးစပ်ကို အလျှင်အမြန်လက်ဖြင့် ပိတ်လိုက်သည်။ သွားပြီ ငါဘာတေလျှောက်ပြောနေတာလဲ။နောက်ဆုံးမှာတော့ လဲ့ဟွမ်ရဲ့အမူအရာက မတည်ငြိမ်တော့ပေ။''ဘယ်သူက မင်းကို ပို့လိုက်တာလဲ''
'' 13ယောက်မြောက် ကိုယ်လုပ်တော် ယွမ်''
အစေခံက ထိတ်လန့်စွာနဲ့ သူမ ပါးစပ်ကို တင်းကျပ်စွာပိတ်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။နောက်ထပ်စကား မှားပြောမိမှာ အလွန်စိုးရိမ်နေပုံရသည်။သူမက လဲ့ဟွမ်ကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး နဖူးမှ ချွေးများက တတောက်တောက် စီးကျလာသည်။အခုတော့ သူမ သေချာသိလိုက်ပြီ။သူမ ဘယ်လောက်ပဲ သူမ ပါးစပ်ကို ထိန်းထိန်း သူတစ်ခွန်းမေးလိုက်တာနဲ့ သူမ အလိုလို နာနာခံခံဖြင့် ဖြေနေရသည်။ထိုသူကတော့ သူ့ခုံပေါ်မှာ အေးအေးဆေးဆေး လက်ဖက်ရည် ထိုင်သောက်နေ ရင်း သူမကို မေးမြန်းစစ်ဆေးတာအပြင် သက်သောင့် သက်သာ အမူအရာဖြင့် ဘယ်လို မှားယွင်းမှုမျိုးမှာ သူမ ရှာမတွေ့ပေ။ဘယ်လို သောက်ကျိုးနည်း ထူးဆန်းတဲ့ ကိစ္စ ကြီးလဲ။ဒါကြီးက လုံးဝ ပုံမှန် ဟုတ်မနေဘူးနော်။လဲ့ဟွမ်က လက်ဖက်ရည် ခွက်အား စားပွဲပေါ်ပြန် တင်လိုက်ရင်း လက်ဟန်အမူအရာနှင့်
YOU ARE READING
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Historical Fictionunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ