13(Z & U )

1.8K 288 10
                                    

Zawgyi

feeling အရမ်းလာနေလို့ဆက်တိုက်တင်ပါမယ်နော်။ပြီးတော့ comment မှာ လာလာပြီး  စကားပြောတဲ့ ဒါဒါလေးကိုလဲကျေးဇူးတင်ပါတယ်နော်။စာရေးရတာ  ပိုပိုပြီး အားရှိလာပါပြီ။  😍😍😍

မိန်လင်းက ကုန်ပစ္စည်းများကို ပို့ဆောင်ကာ အားဆေး နှင့် အခြားဆေးဝါးများမှ ရ ရှိသော အကျိုးအမြတ်များကို စုဆောင်းနေလိုက်သည်။

''ကျွန်တော့် ဆိုင်ဖွင့်တဲ့အချိန်တိုင်း အများကြီး လာလာပြီးဝယ်ကြတယ်။ကျွန်တော့် အံ့သြလို့ ဘာလုပ်လို့လုပ်ရမှန်းမသိလောက်အောင် အယောင်ယောင်အမှားမှား တွေဖြစ်ရတယ်။ကျေးဇူးတင်ပါတယ် နတ်သမီးလေး
သင့်ကြောင့်သာ မဟုတ်ရင်  ကျွန်တော့ ဆိုင်က အခုချိန် ပိတ်နေရလောက်ပြီ။

မိန်လင်းက ခေါင်းငြိမ့်လိုက်ပြီးထွက်လာခဲ့သည်။အရင်အချိန်တွေတုန်းက  ဆေးဘက်ဝင် အပင်များဝယ်ယူရန် သူ့မှာသာ ခွန်အားလုံလုံလောက်လောက် မရှိလျှင် သူ့သခင်လေးကို ဆုံးရှုံးနေရလောက်ပြီ  ဖြစ်သည်။အခုအချိန်မှာ တော့ သူနဲ့ သခင်လေး တစ်ယောက်ကိုယ် တစ်ယောက် ဖေးမရင်း ပျော်ရွှင်အေးချမ်းသော ဘဝလေး ပိုင်ဆိုင်နေပြီ ဖြစ်သည်။မိန်လင်းက ဆိုင်တစ်ခုရှေ့ရောက်တဲ့အခါ ရပ်လိုက် ပြီး သူ့သခင်လေးအတွက် 
လက်ဆောင်ပေးဖို့ အဆင်တန်ဆာ ဝယ်ရန်ဆုံးဖြတ်လိုက်သည်။သခင်လေးက ပိုက်ဆံအများကြီးရလာတဲ့အခါမှာ ဆေးဖက်ဝင် ဆေးပင်များနဲ့ ပါဝင်ပစ္စည်းများအကြောင်း မေးတာက လွဲလို့ တခြားအဆင်တန်ဆာလက်ဝတ်ရတနာ များအကြောင်းမပြောသလို လိုချင်ကြောင်းလဲမပြောခဲ့ဘဲ သူ့ကို သာ လိုချင်တာရှိလျှင် တွန့်ဆုတ်မနေဘဲ သုံးစွဲဖို့တိုက်တွန်းတတ်သည်။သူ့သခင်လေးက အမှန်တစ်ကယ်ကို အရင်နဲ့မတူတာ့ပေ။မိန်လင်းက လှပတဲ့ပန်းရောင် မက်မွန်ပွင့်ပုံစံ ဆံထိုးလေးကိုကြည့်ကာ ဒီဆံထိုးလေးကို သူ့သခင်လေးခေါင်းမှာ ထိုးထားလျှင် အတော်လှမှာ ဟု တွေးကာ သဘောတကျ ပြုံးနေလိုက်သည်။

''ဆိုင်ရှင် ငါ့အတွက် ဒါလေး ထုတ်ပိုးပေးပါ''

သူက ဆိုင်ရှင်ကို ကျသင့်ငွေပေးလိုက်ပြီး ၄င်းကို အိပ်ထဲထည့်ကာ သိမ်းဆည်းလိုက်ပြီး ဈေးကို ပတ်လျှောက်ကြည့်နေလိုက်သည်။ဝမ်းနည်းစရာကောင်းတာက သူ့သခင်လေးက ဒီမှာ မရှိဘူး။သူ့သခင်လေးကို ဤပျော်စရာကောင်းကာ သက်ဝင်တက်ကြွနေသော ဈေးထဲသို့အတူလျှောက်လည်စေချင်မိသည်။

ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်းWhere stories live. Discover now