မိန်လင်းက သူ့ရှေ့မှာ ရှိတဲ့ စစ်သူကြီးကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး ဆေးပုလင်း ၃ ပုလင်းကို ပေးလိုက်သည်။
''ဒါက ဒီအမျိုးသားရဲ့ စစ်သူကြီးအကူအညီအတွက် ကျေးဇူးတင်လက်ဆောင်ပါ''
စစ်သူကြီးက ဆေးပုလင်း ၃ ပုလင်းကို ယူကာ ကြည့်လိုင်ပြီး
''ဒါတွေက ဘာအတွက် အသုံးသုံးပြုတာလဲ''
''အသုံးပြုရမယ့် ဆေးညွှန်းအားလုံး ပုလင်နောက်ကျေားပေါ်မှာ ရေးထားပါတယ်။ဒါဆို ဒီအမျိုးသားကို သွားခွင့်ပြုပါအုံး''
သူက ထွက်သွားရန်လှည့်လိုက်တဲ့အခါ စစ်သူကြီးက မိန်လငိးကို တားရန် သူ့ပခုံးအား လှမ်း၍ ဆုပ်ကိုင်လိုက်သည်။
''နေပါအုံး။ မင်းငါ့ကို ဒီအကြောင်းနဲ့ ပက်သက်ပြီး ရှင်းပြသင့်တယ်လို့မထင်ဘူးလား''
စစ်သူကြီး က မေးလိုက်သည်။''စစ်တပ်မှာ ရှိတဲ့ဘယ်သူစစ်ကြီးမဆို ဒီပုလင်းပေါ်မှာရှိတဲ့ စာကိုဖတ်နိုင်ပါတယ်။ဒီဈေးသည်လေးက အားလုံးကို ရှင်းပြဖို့ မလိုဘူးထင်ပါတယ်။ခွင့်ပြုပါအုံး'' မိန်လင်းက အေးစက်စွာပြောလိုက်သည်။
''နေပါအုံး မင်းငါ့အပေါ် ဘာလို့ဒီလောက်တောင် အေးစက်နေရတာလဲ''
''ဒီအမျိုးသားက စစ်သူကြီးဘာကို ပြောချင် တာလဲ နားမလည်ပါဘူး။ဒီအမျိုးသားက စစ်သူကြီး ကို ကျေးဇူးကြွေးပြန်ဆပ်ပြီး ပါပြီ။ ဒီထက်ပိုပြီးဘာမှ ဆွေးနွေးစရာ မရှိတော့ဘူးထင်ပါတယ်''
စစ်သူကြီးက စိတ်မကောင့်းဖြစ်မိသည်။သူက အကူအညီပေးခဲ့သော်လည်း သူ့အပေါ် အေးစက်စွာ ဆက်ဆံနေသော အလှလေးအားကြည်ကြာ မှင်တက်နေမိသည်။(စစ်သူကြီးအတွက် မျက်ရည် ၂စက်)မိန်လင်းက ထွက်သွားတော့မှာကိုမြင်လိုက်တဲ့အခါ သူက အလျှင်စလို မိန်လင်းရဲ့လက်ကို လှမ်းဆွဲလိုက်သည်။သို့သော်လည်း လက်က ချောထွက်သွားခဲ့ပြီး လူအုပ်ထဲတိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။ထွက်သွားတဲ့ပုံရိပ်ကိုကြည်ရင်း သူက စွဲလမ်းမိန်မောနေခဲ့သည်။နေ့ရက်အနည်းငယ် ကြာတဲ့အခါမှာ လဲ့ဟွမ်က ပိုပိုပြီး နုံးချိပင်ပန်းလာခဲ့သည်။အားဆေးသောက်တာ ရပ်ပြီး ရက်တေ အများကြီးကြာလာတော့ ကလေးက မိခင်ဆီက အဟာရများကို စုပ်ယူနေတဲ့အတွက် လဲ့ဟွမ်က အားနည်းနုံးချိကာ ဖျားနာနေတဲ့အတွက် မိန်လင်းက သူ့သခင်လေးကို အလွန်စိုးရိမ်နေခဲ့သည်။အားဆေးတေ အများကြီးသောက်ခဲ့တဲ့အတွက် အခုအချိန် သူ့အတွက် အလွန်အန္တရာယ် ရှိသော အခြေအနေ ဖြစ်သော်လည်း ဗိုက်ထဲက သေးသေးလေး ကတော့ ကျမ်းမာသန်စွမ်းနေခဲ့သည်။သူ့သခင်လေးက သူ့ရဲ့ကလေးအတွက် အလွန်ပေးဆပ်အနစ်နာခံခဲ့သည်။
YOU ARE READING
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Historical Fictionunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ