အပိုင်း- 30
အင်ပါယာဟာ အခုချိန်မှာ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်နေသည်။အကြောင်းကတော့ သူ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းက သူ့အနားမှာ မရပ်မနား တတောက်တောက်ခေါက်နေသောကြောင့်ပင်။
( ကိုယ်တေ ကိုယ်ချင်းစာပါတယ်။အနားမှာ လိုက်ပြီး တောက်လျှောက် စကားပြောနေတော့ စာရိုက်တာ ဘယ်လိုမှ အာရုံစိုက်လို့မရဘူး။အတော် စိန်တိုရတယ်)''ဘာကိစ္စလဲ'' ဘုရင်က စုတ်တံကို လက်ထဲမှချကာ ရှန်းဝေ့ယွမ် အား အာရုံစိုက်ကာ ကြည့်လိုက်သည်။
စစ်သူကြီးက သူ့အသံကြားမှ သူ့ဘက်သို့လှည့်ကာ သူအတွေးစများက ပြတ်တောက်သွားရသည်။
''ဟမ်?"
'' အခုထိ မင်းကြမ်းပြင်ကို တတောက်တောက်ခေါက်နေတာ အက်ကြောင်းဖြစ်တော့မယ်။မင်းက ဘာတေ ဒီလောက်နက်နက်နဲနဲ တွေးနေတာလဲ။အရမ်းအတွေးလွန်တာ မကောင်းဘူး''
အင်ပါယာက ပြောလိုက်သည်။''အရှင်မင်းကြီး ဒါက ပြောရမှာ နဲနဲ အခက်အခဲရှိတယ်''
'' ငါက အဆင်ပြေအောင် လုပ်ပေးနိုင်မယ်လို့ အာမ မခံဘူး။ငါ့ကို ပြောစမ်းပါ ဘာတေဖြစ်လာလို့လဲ'' အင်ပါယာက မေးလိုက်သည်။
''အစွမ်းထက်တဲ့ ဆေးတွေရောင်းတဲ့ နတ်သမီးလေးအကြောင်း မင်းလဲကြားဖူးတယ်မလား''
''ဒါပေါ့ သိတယ် ''
''ကောင်းပြီ ငါသူ့ကိုတွေ့ခဲ့တယ်။ဒါဗေမဲ သူက ငါ့ကို အေးစက်စက် ဆက်ဆံတယ်။ဘာတေဖြစ်နေတာလဲ ငါနားမလည်နိုင်ဘူး'' စစ်သူကြီးက မှုန်ကုတ်ကုတ်မျက်နှာ နှင့်ပြောလိုက်သည်။
အင်ပါယာက သူ့ကို မကျေမနပ်တစ်ချက်ကြည့်လိုက်သည်။ထိုအကြည့် မင်းကငါ့ကို ဒီလိုကိစ္စသေးသေးလေးအတွက် အနှောက်အယှက်ပေးတယ်ပေါ့လို့ ပြောနေသလိုပင်။
''အရှင်မင်းကြီး ကျွန်တော်တစ်ကယ် အတည်ကြီး ဖီးနေတာ။အရှင်မင်းကြီး ဒီလိုအပြုအမူနဲ့ ကျွန်တော် ခံစားချက်တွေကို ပျက်ရယ်မပြုသင့်ဘူး''
အင်ပါယာက စိတ်ပျက်လက်ပျက် သက်ပျင်းချလိုက်သည်။
''မင်းက အင်ပါယာစစ်တပ်က စစ်သူကြီးဆိုတာ သူသိလား''
''သိတယ် ဒါဗေမဲ့ သူကျွန်တော့်ကို ခပ်ခွာခွာ နေရတဲ့အကြောင်းကလဲ အဲဒီရာ ထူးကြောင့်ဖြစ်ရမယ်''
အင်ပါယာက မျက်မှောင်ကျုံလိုက်မိသည်။သူဘယ်တော့မှမထင်ထားဘူး။တစ်စုံတစ်ယောက်က အခုလိုမျိုး သူ့သူငယ်ချင်းကို ဒီလိုပြုမူရဲလိမ့်မယ်လို့။ရှန်ဝေ့ရင်းဟာ စံထားလောက်သော ယောက်ကျားမျိုးဖြစ်သည်။(ဟုတ်ပါတယ် ကိုယ်တို့ မိန်လင်းလေးက သူ့သခင်လေးဘဲ လူထင်တာလေ။ စစ်သူကြီးလေးအတွက် မျက်ရည် ၂စက် 😂😂😂 ) ပြောရမယ်ဆိုရင် သူက အင်ပါယာစစ်တပ်ရဲ့ ရာထူးကြီး စစ်သူကြီး ဖြစ်လာပြီးနောက်မှာတောင်မှ ဘယ်ဇနီးမယားမှ လက်ထပ်ယူခဲ့ခြင်း မရှိခဲ့ပေ။သူက သူရဲ့ လရောင်လေးကိုဘဲ လက်ထပ်ချင်တာဖြစ်သည်။အခုအချိန်မှာ သူက သူရဲ့ လရောင်လေးကို ရှာတွေ့ခဲ့သော်လည်း ထိုအမျိုးသားက သူ့ကို ပလိပ်ရောဂါတစ်ခုလို ဆက်ဆံခဲ့သည်။
YOU ARE READING
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Historical Fictionunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ