အပိုင်း-23
လဲ့ဟွမ် ဒီနေ့နဲ့ဆို အင်ပါယာ မယ်တော်ကြီးဆီသွားလည်တာ ၃ရက်ရှိပြီဖြစ်သည်။အခုအခါမှာတော့ သူက အင်ပါယာ၏ ရုံးခန်းထဲတွင် ရှန်းချီကစားနည်းကို သင်ယူနေခြင်းဖြစ်သည်။သူဝန်မခံချင်ပေမယ့်လည်း ရှန်းချီ ကစားနည်းတွင် အမေရော သားရော အလွန်အရည်အချင်းရှိကြပြီး သူ့အနေ ဖြင့် တစ်ယောက်ကိုမှ လက်ရည်တူ မယှဉ်ပြိုင်နိုင်ပေ။
''ကျွန်တော် ရှုံးပြီ'' သူကပြောလိုက်သည်။
အင်ပါယာက ခေါင်းငြိမ့်လိုက်ပြီး
''မစိုးရိမ်ပါနဲ့ မင်း တစ်ကြိမ်ထက် တစ်ကြိမ် ပိုပိုပြီး တိုးတက်လာပါပြီ''''ဟုတ်တယ် ကျွန်တော် ဒီထက်ပို လေ့လာဖို့လိုတယ်။ကျွန်တော် ပြန်ထွက်လို့ရင် ဒါတွေကို ယူသွားလို့ရမလား'' သူက မေးလိုက်သည်။
အင်ပါယာက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
''ကျွန်တော် ဒီနေ့ အင်ပါယာ မယ်တော်ကြီးနန်းဆောင်ကို သွားလည်ရအုံးမယ်'' လဲ့ဟွမ်က ပြောလိုက်သည်။''ငါသိတယ်။မင်း အင်ပါယာ မယ်တော်နဲ့ ထပ်ပြီး ယှဉ်ပြိုင်းအုံးမလို့လား'' သူက မေးလိုက်သည်။
'' ကျွန်တော် အရှင်မင်းကြီးဆီကရော အင်ပါယာ မယ်တော်ကြီး ဆီကရော သင်ယူရမယ်။
သူမက ဒီကစားနည်းနဲ့ပက်သက်ပြီး ကောင်းကောင်းနားလည်တယ်'' သူက ပြန်ပြောလိုက်သည်။သူက အင်ပါယာအား ခေါင်းညွှတ်နှုတ်ဆက်ကာ မယ်တော်ကြီး နန်းဆောင်သို့ ဦးတည်၍ ထွက်ခွာသွားသည်။
''မင်းလာပြီလား'' မယ်တော်ကြီးက အံအားသင့်ကာမေးလိုက်သည်။
''ကျွမ်က မယ်တော်ကြီးနဲ့ ထပ်ယှဉ်ပြိုင်ဖို့ ရောက်လာပါတယ်'' သူက နူးညံ့စွာပြောလိုက်သည်။
အင်ပါယာ မယ်တော်ကြီးက စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငြိမ့်လိုက်သည်။ နောက်ဆုံးမှာတော့ သူတို့က လက်ရည်တူ ယှဉ်ပြိုင်နိုင်သော အခြေအနေသို့ရောက်ရှိလာခဲ့သည်။ မယ်တော်ကြီးက လက်ဖက်ရည်ခွက် ကိုယူကာ တစ်ငုံသောက်လိုက်ပြီး ကောင်းမွန်သော အရသာကြောင့် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
YOU ARE READING
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Historical Fictionunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ