11(Z & U)

1.8K 262 8
                                    


Zawgyi
၂ယောက်သားကြားရှိ ပတ်ဝန်းကျင် အခြေအနေက တင်းမာအေးခဲနေခဲ့ပြီး ၄င်းက ဆောင်းရာသီအတွင်း နှင်မုန်တိုင်းတိုက်ခတ်နေသလိုမျိုး တစ်ယောက်ကိုယ်တစ်ယောက်စိုက်ကြည့်ကာ ဘယ်သူမှ အလျော့မပေးကြပေ။သို့သော်လည်း ဒီနေရာ အမှန်တစ်ကယ် အံ့သြရတာက နာ့ကျွမ့်ဆိုသော မထင်မရှားကိုယ်လုပ်တော်လေးက အရင်က အင်ပါယာဘုရင်ကို တမ်းတမ်းစွဲ ရူးရူးမိုက်မိုက် ချစ်ခဲ့သောသူ တစ်ယောက်ဖြစ်သည် ဟု သူတို့သိကြသည်။သို့သော်လည်း အခုအခါမှာတော့ သူ၏ မျက်လုံးများထဲတွင် ချစ်ခြင်း၊မုန်းခြင်း ဟူသော မည်သည့်ခံစားချက် အရိပ်အယောင်မှ မတွေ့ရဘဲ သူစိမ်းတစ်ဦးကို ကြည့်နေသလိုမျိုး အေးစက်ကာ ထူးမခြားနားအမူအရာ နှင့် ရှိနေခဲ့သည်။

''ငါ သိပြီ။ ဒါက တစ်ကယ်ဘဲ မင်းဆန္ဒ အစစ်အမှန်ဆိုရင်. . . . . . . . . .ကောင်းပြီလေ
မင်းဆန္ဒအတိုင်းပဲ။အာ. . . . . . .ပြီးတော့
မင်းငါ့ရှေ့ မှာ ဘယ်တော့မှ ပေါ်မလာမိစေနဲ့'' သူက အေးစက်စွာ ပြောလိုက်သည်။
(နာ့ကျွမ်က သူ့ကို အရမ်းချစ်တော့ သူ့ရှေ့မှာ ဘယ်တော့မှ ပေါ်မလာစေနဲ့ ဆိုတဲ့အမိန့်က သူ့ကို သေမိန့်ချလိုက်သလိုပါဘဲ။တစ်ချို့လူတေက အတ္တကြီးတယ်နော် မင်းက အဲလူကိုဘယ်လောက်ပဲကြိုက်ကြိုက် သူက မင်းကို အမြင်ကတ်တယ်၊မုန်းတယ်၊ရွံတယ် ဒါဗေမဲ့ သူ့ကိုချစ်နေတဲ့လူက မချစ်တော့ ပြန်ရင်လည်း လက်မခံနိုင်ပြန်ဘူး။သူတို့က မကြိုက်ဗေမဲ့ တစ်သက်လုံးသူတို့ကိုဘဲ ချစ်နေစေချင်ပြန်ရော)

သူက ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ဘုရင်ကသူကို ပြန်ကြည့်တော့ စိတ်ထိခိုက်နေပုံပေါ်ပြီး အားလုံးက သူ့ကိုကျောခိုင်းထွက်ခွာပြီး အတော်ဝေးရောက်သောအခ့မှ သူက နှာခေါင်းကိုရှုံ့လိုက်ပြီး ၄င်းတို့၏ နောက်ကျောကို ကြည့်ကာ လက်ခလယ်ထောင်ပြလိုက်သည်။ထိုအမူအရာကို အစအဆုံးမြင်လိုက်ရတဲ့မိန်လင်းက စိတ်ရှုတ်ထွေးသွားခဲ့ပြီး
(ဟွမ်ဟွမ်လေးက လဲ ''ဇ'' နဲ့ တစ်ကယ်မလွယ်ဘူး)

''သခင်လေး အဲဒါဘာလုပ်နေတာလဲ''သူက စိတ်ရှုတ်ထွေးကာ မေးလိုက်သည်။

''ဘာမှမဟုတ်ဘူး။မြန်မြန်လေး ထတော့လေ''

သူက မိန်လင်းကို ဆွဲထူလိုက်ပြီး သူ့လက်မောင်းအိုးထဲက ပုလင်းသေးသေးလေးကို ထုတ်ယူလိုက်ပြီး မိန်လင်းရဲ့အပူလောင်ထားသောဒဏ်ရာပေါ် ဆေးလိမ်းပေးလိုက်သည်။

ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်းWhere stories live. Discover now