အပိုင်း-24
ရက်သတ္တပတ် ကုန်ဆုံးသွားတဲ့အခါမှာတော့
သူတို့က အအေးနန်းဆောင်ကို ပြန်ဖို့ အချိန်ကျလာခဲ့ပြီ ဖြစ်သည်။အစောင့်များက သူတို့ကို လိုက်ပါ ပို့ဆောင်ပြီး ထိုနေရာသို့ သူတို့ရောက်တဲ့အခါ လဲ့ဟွမ် အလွန် အံ့အားသင့်သွားခဲ့သည်။တူညီသော အအေးနန်းဆောင်ဖြစ်သော်လည်း မြေပြင်ကို ညီညာအောင်ညှိထားပြီး နူးညံ့ပျော့ပျောင်းသော မြက်ပင်များဖြင့် ခင်ကျင်းထားသည်။နန်းဆောင်၏ အပြင်ဘက် အလွှာသည်လည်း ချောမွေ့တောက်ပြောင်နေသည်။
သူနန်းဆောင်ထဲကို လမ်းလျှောက်ဝင်လာသောအခါ ပန်းအမျိုးမျိုး၏ မွှေးရနံ့များကို အနံ့ရလိုက်သည်။မှင်သက်ရဆုံး ကိစ္စကတော့ အခြားနေရာ တစ်နေရာရောက်သွားသလိုမျိုး သူခြေချလိုက်တဲ့နေရာမှာ ရှိတဲ့ ဝါးနဲ့လုပ်ထားတဲ့ ကြမ်းခင်းများပင် ဖြစ်သည်။ ချောမွေ့ကာ အစက်အပြောက်များ ကင်းစင်နေပြီး နံရံများကလည်း ကျောက်စိမ်းလိုချောမွေ့ကာ သန့်ရှင်းသပ်ရပ်နေပြီး အေးချမ်းသော ခံစားချက်ကို ပေးသည်။၎င်းက အအေးနန်းဆောင်တွင် တစ်နေရာထဲ၌သာ ပြင်ဆင်ထားသည် မဟုတ်ပေ။၎င်းက သူအား ချိုမြိန်သော အမှတ်တရများကို သတိရစေသည်။ ကံကောင်းစွာနဲ့ သူတို့ရဲ့ဖုံးကွယ်ထားသော နေရာလေးကို ဘယ်သူမှ ရှာမတွေ့သွားကြပေ။လဲ့ဟွမ်က ပထမဦးဆုံး လျှို့ဝှက်နေရာလေးအားသွားလိုက်ပြီး တုတ်ချောင်းအချို့အား ဖယ်ထုတ်လိုက်သည်။ထိုအရာများက ဒယ်အိုးတစ်ခုအတွင်း၌ ရှိနေပြီး ချောက်သွေ့နေသည်။''သခင်လေး ဘာလုပ်နေတာလဲ'' မိန်လင်းက မေးလိုက်သည်။
''ဒီနေ့ ငါတို့ဆီကို ဘုရင်မင်းမြတ်က အစေခံတစ်ချို့ပို့လိုက်လိမ့်မယ်။ငါ့အနေနဲ့ အားလုံးကို
လက်မခံရင်တောင်မှ တစ်ချို့တစ်ဝက်ကို လက်ခံရလိမ့်မယ်။ဒါကြောင့် ဘယ်သူ့ကို နေခဲ့ရမယ်။ဘယ်သူ့ကို ထွက်သွားခိုင်းရမယ် ဆိုတာ စပ်သပ် မေးမြန်းဖို့ ပြင်ဆင်မှုတစ်ချို့လုပ်နေတာ'' လဲ့ဟွမ်က ပြန်ဖြေလိုက်သည်။''အမ် ဘာလို့သခင်လေးက ဒါကို လုပ်နေရတာလဲ'' မိန်လင်းက မေးလိုက်သည်။
လဲ့ဟွမ်က မိန်လင်းဆီကို လမ်းလျှောက်လာခဲ့ပြီး သူရဲ့ ချစ်စဖွယ် ပါးမို့လေးကို ဆွဲညှစ်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။
YOU ARE READING
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Historical Fictionunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ