အပိုင်း-34(z)

1.5K 73 18
                                    

အပိုင်း-34

လဲ့ဗဟွမ်၏ နှလုံးက အရှိန်ပြင်းပြင်းခုန်လာခဲ့သည်။သူက ငါ့ကို ကလူချင်တာလား။ဟာသပဲ---လဲ့ဟွမ်က ထိုသူ့အားလှောင်ပြောင်ထေ့ငေါ့ချင်သော်လည်း  သူမလုပ်ရဲပေ။ဘာပဲဖြစ်ဖြစ် သူ့အသက်လေးတော့  သူချစ်တယ်လေ။ဒါအပြင် အချို့သော အကြောင်းပြချက်တွေနဲ့ သူ့ရဲ့ခေါင်မာပြီး မာနကြီးတဲ့စရိုက်အရ  ထိုဘုရင်စုတ်အား ကျီစယ်ဖို့ သူ့မသိစိတ်က ခွင့်မပြုပေ။

''မင်းရဲ့ လက်ကောက်ဝတ်ကနေ  ဆေးဘက်ဝင်အပင်တွေရဲ့  အနံ့တွေရနေတယ်''
လဲ့ဟွမ်က ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ပြုမူနေသောဘုရင်အားကြည့်ကာ အံသြနေမိသည်။လဲ့ဟွမ်လို ဆေးဝါသုတေသန ပညာရှင်တစ်ယောက်အနေဖြင့်  ဆေးဖက်ဝင်  အပင်များနှင့် ဆေးရည်များအား အစဉ်အမြဲထိတွေ့နေရကာ အနံ့မကျန်ခဲ့ဖို့ဆိုတာ မဖြစ်နိုင်ပေ။
''ဒီကိုယ်လုပ်တော်က ဆေးဝါးအချို့ကို ဖော်စပ်လေ့လာနေတာပါအရှင်''
''  ဘာကြောင့်လဲ '' အင်ပါယာက မျက်နှာ ထား တင်းတင်းဖြင့်မေးလိုက်သည်။
''ဒီကိုယ်လုပ်တော်က  ကလေးနဲ့ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့ပါ''

အင်ပါယာက နာ့ကျွမ်အား ခံစားချက်မဲ့စွာကြည့်လိုက်သည်။ဒီလူက  သူ့ကိုယ်သူကောင်းကောင်းဖုံးကွယ်ထားနိုငိတာပဲ။ဒါဗေမဲ့ ဒီဘုရင်ရဲ့မျက်လုံးထဲမှာတော့ သူ့အမူအရာက စာအုပ်တစ်အုပ်ကို ဖတ်သလို လွယ်ကူလွန်းလှသည်။ဟမ့်---  -  -ကလေးအကွက်တွေနဲ့( သူကဖြင့်  အခုမှ သိပြီးတော့)

လဲ့ဟွမ်က အခုလတ်တလော  ဆေးဝါးလေ့ကျင့်ခြင်းကို  မလုပ်ခဲ့သော်လည်း  နေ့စဉ်နီးပါ ထိတွေ့ကိုင်တွယ်နေသဖြင့် ဆေး၏ ရနံ့က  သူ့လက်၌ စွဲထင်နေသည်။ထို့အပြင် ပတ်ဝန်းကျင်အခန်းတွင်းရှင်းလင်းနေသော်လည်း သူ့လို  ကျွမ်းသူတစ်ယောက်အနေဖြင့် လေထဲ၌လည်း ဆေးဖက်ဝင် အပင်များ၏ အနံ့အသက်ကို ရ ရှိနေခဲ့သည်။ဖြစ်နိုင်တာက သူ့ရှေ့က လူက ကျွမ်းကျင်ပညာရှင်တစ်ယောက်ပင်  အခုသူက ဘာလုပ်ချင်နေတာလဲ သူသိချင်သည်။

''ကောင်းပြီ  ဒီအင်ပါယာက ချစ်ကိုယ်လုပ်တော်အတွက်  သင်ကြားပေးဖို့ သမားတော်တစ်ဦးကို  လွှတ်ပေးလိုက်မယ်''

လဲ့ဟွမ်က စိတ်အနှောက်အယှက်ဖြစ်စွာပင်
တိတ်တဆိတ် ကျိမ်ဆဲလိုက်မိသည်။

'' ဒီကိုယ်လုပ်တော်က  ကျေးဇူးတင်ပါတယ် အရှင်''
အင်ပါယာက ဆေးဖက်ဝင်အပင်များ၏ ရနံ့ကို လဲ့ဟွမ်ထံမှ ရနေကထဲက သံသယ ဖြစ်နေခဲ့ပြီး  တိုက်ဆိုင်စွာပင် ကလေးကလဲ အသက်ရှင်နေခဲ့ပြီ။သို့သော်လည်း ဒီလို အဖြစ်အပျက်မျိုးက ဖြစ်ခဲပြီး မယုံကြည်နိုင်စရာကောင်းလှသည်။သို့သော်လည်း  သူက သူ့ရဲ့သေဆုံးခဲ့ပြီးသော ကလေးနဲ့ပက်သက်ပြီး အလွန်တည်ငြိမ်စွာပင်  ပသက်ရှင်နေဖို့ မျှော်လင်ချက်နည်းနည်းတော့ထားမိသည်။

''လကုန်ပြီးရင်  သူတို့  က ဂုဏ်ပြုစားသောက်ပွဲကျင်းပပေးလိမ့်မယ်'' အင်ပါယာက ပြောလိုက်သည်။

''နားလည်ပါပြီ''

အင်ပါယာက ဘာစကားမှထပ်မပြောတော့ဘဲ ထိုအမျိုသားနှင့် အတူထမင်းစားရသည်မှာ သူ့ကို အံ့သြစရာကောင်းစွာပင် ပိုများများစားနိုင်ခဲ့ပြီး  အေးချမ်းသော ညစာလေးဖြစ်ခဲ့သည်။

'အာ  ဒါကို ငါဘယ်လိုလုပ်မေ့သွားပါလိမ့်''

****မ  ပြီးသေးပါဘူး***
ပြန်နေရင်း  ပျင်းလာလို့

You've reached the end of published parts.

⏰ Last updated: Nov 05, 2022 ⏰

Add this story to your Library to get notified about new parts!

ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်းWhere stories live. Discover now