14(Z & U)

1.8K 333 18
                                    

လဲ့ဟွမ်က မြေအောက် လျှို့ဝှက်ခန်းထဲ၌ အားဆေး နှင့် အခြားဆေးဝါးများကို ပိုမို ပြုလုပ်နေခဲ့နေခဲ့သည်။အပြင်ပန်းကကြည့်ရင်တော့ ဤနေရာက အအေးနန်းဆောင်သာဖြစ်သော်လည်း  သူတစ်ယောက်ထဲရှိနေတုန်း မူမမှန်သော ကြမ်းပြင်အားတွေ့မိသဖြင့် ခေါက်ကြည့်လိုက်တော့ အခေါင်းပွဖြစ်နေပြီး အထဲ၌ ပဲတင်သံကြားရသဖြင့် စူးစမ်းမိရာမှ  သူကလျှို့ဝှက်တံခါးတစ်ခု ရှာတွေ့ခဲ့ပြီး ၄င်းက မြေအောက်သို့ဦးတည်နေကာ သူ၏ ဆေးရည်များ၊ အားဆေးများကို ဝှက်ထားရန် အလွန်ကောင်းမွန်သောနေရာတစ်ခုဖြစ်သည်။ဒီနေရာက ဒီအအေးနန်းဆောင်တွင် လျှို့ဝှက်နေရာ ဖြစ်လာပြီး သူ့ဝါသနာအရ စမ်းသပ်မှုများပြုလုပ်ရန် အကောင်းဆုံးသော နေရာဖြစ်လာခဲ့သည်။တစ်ယောက်ယောက်သာ မိသွားခဲ့လျှင် သူ့၏ အိမ်ထဲရှိ ဆေးပင်များ၊ဆေးပုလင်းများ ကိစ္စနှင်ပက်သက်ပြီး မည်သို့ရှင်းလင်း ရမှန်းမသိသဖြင့် သူ၏ အိမ်သို့ ဧည့်သည်များ ဘာခြင်းကို မလိုလားတာဖြစ်သည်။ သူကဆေးဖော်စပ်နည်းအသစ်များ ချရေးရင်းဖြင့်  မိန်လင်းရောက်လာတာခံစားမိသဖြင့် နောက်လှည့်ကြည့်လိုက်ပြီး

''အခြေအနေရော''

''ပုံမှန်အတိုင်း  အားလုံးအဆင်ပြေပါတယ် သခင်လေး''
''ပြဿနာတစ်ခုခုဖြစ်လာတာလား''
''တစ်ကယ်တော့ တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးကြွေးဆပ်ဖို့ ကျွန်တော်ဆေးရည်တွေလိုချင်ပါတယ် သခင်လေး''
''ဘာဖြစ်လို့လဲ အားဆေးပဲ ပေးလိုက်ရင် အဆင်ပြေနေတာဘဲ မဟုတ်ဘူးလား''
လဲ့ဟွမ်က ပြောရင် စင်ပေါ်မှာ ထားသော ဆေးပုလင်းများအားယူရန်  လမ်းလျှောက်သွားလိုက်သည်။

''အဲဒီလူက  အင်ပါယာ စစ်သူကြီးပါ  သခင်လေး''

လဲ့ဟွမ်က ဆေးပုလင်း ယူရန်သွားနေရင်းမှ ရပ်တန့်လိုက်ပြီး  မိန်လင်းအား ပြန်လှည့်ကြည့်လိုက်သည်။သူရဲ့မျက်နှာက တည်ငြိမ်နေသော်လည်း  သူ့သခင်လေး  တုန်လှုပ်သွားကြောင်း  မိန်လင်းသိသည်။

''မင်း ကျေးဇူးကြွေးဆပ်ရမည့် လူက အင်ပါယာ စစ်သူကြီးလို့  ပြောလိုက်တာလား'' လဲ့ဟွမ်က မေးလိုက်သည်။
''ဟုတ်ပါတယ်  ဒါဗေမဲ့ သူကျွန်တော့ကို  မမှတ်မိပါဘူး။ကျွန်တော် သေချာ သတိထားပါတယ်။သခင်လေးကို ပြဿနာဖြစ်စေမယ့် ဘယ် သတင်းအချက်အလက်ကိုမှ  မပြောခဲ့ပါဘူး''

ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်းWhere stories live. Discover now