31(Z&U )

2.1K 304 19
                                    

အပိုင်း-31

လဲ့ဟွမ်က အခန်းတစ်ခန်းထဲ၌ လက်ဖက်ရည်သောက်ရင်း သူ့အစေခံများနှင့် အတူရှိနေလေသည်။

''ဂျူနီယာ ညီလေး လီဖုန်းက တစ်ကယ် ကြောက်တတ်တာပဲ''

''ဒါက တစ်ကယ် အံ့သြစရာလေ တစ်ကယ်ဆိုရင် သူက-"

"ငါအခုထိ မယုံနိုင်သေးဘူး သခင်လေးက တစ်ကယ်တော့ ဆေးရောင်းတဲ့ နတ်သမီးလေး အစစ်ပဲ''

လဲ့ဟွမ်က အနည်းငယ် ကိုးယိုးကားယား ခံစားလိုက်ရသည်။

'' သခင်လေး??'' မိန်လင်းက ပြောလိုက်သည်။

ရုတ်တရက် လဲ့ဟွမ်က အင်ပါယာကို တွေးမိသွားသည်။သူရဲ့နိမ့်ကျတဲ့ ဘဝတစ်ဝက်လောက်က ထိုသူ့ကြောင့် ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။သူက သူရဲ့လက်ကို လေထဲဝှေ့ယမ်းပြကာ

''ငါ အဆင်ပြေပါတယ်''

ဘယ်လို ငရဲလဲ။ဒီခန္ဓာကိုယ်က ထူးဆန်းနေတယ်။၁၀ကျော်သက်အရွယ်ဖြစ်နေတာ ခက်တာပဲ။ငါ မထိန်းချုပ်နိုင်ဘူး။ဘာဖြစ်နေတာလဲ။

''သခင်လေး မင်းအဆင်ပြေရဲ့လား''

မိန်လင်းက လဲ့ဟွမ်၏ ပခုံးအားကိုင်ကာ လှုပ်ယမ်းလိုက်သည်။သူက အလန့်တကြား ထိုလက်ကိုပုတ်ထုတ်လိုက်သည်။ထိုသို ပြုမူပြီးနောက် သူရော မိန်လင်းရော အံ့အားသင့်သွားသည်။

''မိန်လင်း ငါတောင်းပန်ပါတယ်''

အစေခံများက သူတို့ရဲ့သခင်ကို ကြည့်လိုက်သည်။တစ်ကယ်တမ်း ဘာတေဖြစ်နေတာလဲ။

''သခင်လေး အခုအခြေအနေနဲ့ပက်သက်ပြီး ဘာလို့ အရှင်မင်းကြီးကို မတောင်းပန်တာလဲ''

လဲ့ဟွမ်က သူ့ရဲ့ မျက်ခုံးများအား ဝမ်းနည်းစွာ ကျုံ့လိုက်လိုက်သည်။

''ဘာဖြစ်လို့တောင်းပန်ရမှာလဲ'' သူက အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နေသော အသံဖြင့် မေးလိုက်သည်။

''မင်း အမ် သခင်လေး'' စုရင် နီမြန်းနေသောမျက်နှာဖြင့် ခေါ်လိုက်သည်။

လူတိုင်း မြင်နေရတာက ထိုအမျိုးသားလေးက ပုံမှန် မဟုတ်သော စိတ်ဆန္ဒတို့ ဖြင့် နေမထိ ထိုက်မသာ ဖြစ်နေတယ်ဆိုတာ ကိုပင်။သို့သော်လည်း သူတို့သခင်လေးက ထိုအရာကို ဘာမှ မဖြစ်သလိုမျိုး ချုပ်တည်းထားလေသည်။
သူတို့က အချိန်အများစုကို ပုံမှန်အတိုင်း သည်းခံနေသော သူတို့သခင်ကို ကြည့်ကာ အံ့အားသင့်ရသည်။ဒါက ချုပ်တည်းထားဖို့ ခက်တယ်လို့ ပြောကြတယ် မဟုတ်ဘူးလား။ဒီလိုမျိုး လည်း သည်းခံနေလို့အဆင်ပြေတယ်လား ။ သခင်လေးကြည့်ရတာ ပုံမှန်ကိစ္စလိုပင်။အမှန်တစ်ကယ်တော့ သူတို့ထင်နေသလို လဲ့ဟွမ်က ပုံမှန်ဖြစ်မနေပေ။သူရဲ့ ခေတ်သစ် ကမ္ဘာ၌ ဆေးဖော်စပ်သူ တစ်ယောက်အနေဖြင့်
သူ့တွင် သန်မာသော စိတ်စွမ်းအားရှိသောကြောင့် အခုလို သွေးသား လိုအပ်ချက်ကို
ခုခံနိုင်နေခြင်းဖြစ်သည်။ထိုအမူအကျင့်က ဒီဆယ်ကျော် သက်ခန္ဓာကိုယ်ထဲ၌ လည်း အတူတူပင်။
'ငါ့အနေနဲ့ ဒီနေ့အတွင်းမှာ 'heat' ဖြစ်တာ၅ကြိမ်မြောက်ရှိပြီ'

ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်းWhere stories live. Discover now