အင်ပါယာက စာကြည့်ခန်း၌ အလုပ်လုပ်နေစဉ်တွင် အင်ပါယာစစ်တပ်မှ သူ၏ သူငယ်ချင်းဖြစ်သူ စစ်သူကြီးက တွေ့ခွင့်တောင်းလာခဲ့သည်။
''ကိစ္စတစ်ခုခုရှိလို့လား စစ်သူကြီး တုန်းချန်''
ဘုရင်မင်းမြတ်က မေးလိုက်သည်။''အမှန်တိုင်းပြောရ ရင်ဘာကိစ္စမှထွေထွေထူးထူး မရှိပါဘူး။ဒီနေ့ အရှင့်ကို ကြည့်ရတာ စိတ်ကြည်နေသလိုပဲနော်။ကောင်းတဲ့ကိစ္စတစ်ခုခု များရှိလို့လား''
''အမ်း'' ဒါက သူ့ပါးစပ်က ထွက်လာသေည စကား အကုန်ဖြစ်သည်။
''ကိုယ်လုပ်တော် နာ့ကျွမ်ကို အဝေကို စွန့်ပစ်လိုက်တဲ့ ကိစ္စနဲ့ပက်သက်ပြီး အရှင်က နည်နည်းလေးတောင် စိတ်မကောင်း မဖြစ်မိဘူးလား''အင်ပါယာက သူ့စကားကို တစ်ခွန်းမှ မတုန့်ပြန်ပေ။ဒီကိစ္စက အမှန်တစ်ကယ်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။ထိုအမျိုးသားက သူ့ဆီမှာ သူ့ကလေးကို ကိုယ်ဝန်ဆောင်စဉ် ကထဲက ညနေခင်းတိုင်း
စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် သူ့ဆီလာပြီး ကပ်တွယ်နေလေ့ရှိသည်။သူ့ဆီက သနားဂရုဏာကို ရ ရှိဖို့ သူ့လေးကို တောင် ပြန်သတ်ခဲ့သည်။ဒါနဲ့တောင် မလုံလောက်ဘဲ သူရဲ့ချစ်ခင်ကြင်နာမှုကို ရ ရှိရန် သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့သည်။သူက သူ့ကလေးကို သတ်လိုက်ထဲက ထိုအမျိုးသားအပေါ် သူရဲ့ စိတ်ရှည် သည်းခံမှု အားလုံးကုန်ဆုံးခဲ့သည်။ထို့နောက် သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားတဲ့အခါမှာတော့ ထိုအမျိုးသားကို သူအလွန်းအမင်း စက်ဆုပ် ရွံရှာခဲ့သည်။(လူတစ်ယောက်က မင်းအပေါ် မနှစ်သက်တဲ့အခါ မင်းသူ့ပေါ် ဘယ်လောက်ကောင်းကောင်း သူ့အမြင်မှာ မင်းလုပ်သမျှ အပြစ်တေချည်းဖြစ်နေအုံးမှာပဲ)သူ့စိတ်ထဲမှာ ထိုအမျိုးသားနှင့် ပက်သက်၍ ဘာစိတ်ခံစားချက်မှ မရှိပေ။သို့သော်လဲ ကလေးပျက်ကျတော့ သူ့အနေဖြင့် ဝတ်တရားအတိုင်း ဆေးဝါးကုသမှု လုံလုံလောက်ထောက်ပံ့ပေးခဲ့သည်။သို့သော်လည်း ထိုအမျိုသားက အမှန်တစ်ကယ်ကို သူ့လက်ကောက်ဝတ်သူ လှီးဖြတ်ပြီးသတ်သေဟန်ဆောင်ခဲ့ပြန်သည်။ထို့နောက်မှာတော့ ထိုစွန့်ပစ်နေရာသို့ပို့ကာ ထိုနေရာ၌ တဖြည်းဖြည်း ဒုက္ခဆင်းရဲခံစားစေပြီး လူတေရဲ့ အမေ့ပျောက်ခံဘဝနဲ့ အထီးကျန်စွာ ငတ်ပြတ်ပြီး သေဆုံးသွားဖို့သူအမှန်တစ်ကယ်မျှော်လင့်ခဲ့သည်။
ပြောမရနိုင်ဘူး အခုတောင် သေချင်သေနေလောက်တာ ဖြစ်နိုင်သည်။ခဏနေကျရင် သမားတော်ဆင့်ခေါ်၍ စစ်ဆေးကြည်ခိုင်ရမည်။ထိုအမျိုးသားကိုမြင်ရခြင်းမှာ သူ့ကိုအလွန်စိတ်မသက်မသာခံစားရစေကာ မြင်ရတိုင်း ပိုပို စက်ဆုပ်ရွံရှာစေသည်။အားလုံးပြီးရင် ဒီရွံရှာဖွယ် အမျိုးသားကို သူ့ရှေ့မှာနောက်ထပ်ပေါ်လာနိုင်မှာ မဟုတ်တော့ပေ။၎င်းက ကောင်းတဲ့ကိစ္စဖြစ်သည်။

YOU ARE READING
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Historical Fictionunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ