Zawgyi
လဲ့ဟွမ်က သူ့ကိုယ်သူ နာ့ကျွမ် အဖြစ် အသားကျလာပြီး သူ့ရဲ့နေ့ရက်တွေ ကို ဘာထူးခြားမှုမှ မရှိဘဲဖြတ်သန်းလာခဲ့သည်မှာ တစ်လတင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ဆေးပယ်ဝယ်ယူခြင်း၊အားဆေးပြုလုပ်ခြင်း၊အစားအစာ ဝယ်ယူခြင်း များမှလွဲ၍ နေ့ရက်တိုင်း အေးအေးချမ်းချမ်းနှင့် ဘာကိစ္စထွေထွေထူးထူးမှ မရှိပေ။လဲ့ဟွမ်က အချိန်အများစုကို ခြံဝန်းထဲမှာဘဲ ကုန်ဆုံးခဲ့ပြီး အရိပ်ရတဲ့အပင်အောက်မှာ လဲလျောင်းအိပ်စက်ရင်း လတ်ဆတ်တဲ့လေကို ရှူရှိုက်ကာ အချိန်အများစုကို အနားယူရင်းကုန်ဆုံးသဖြင့် သူ့အသားအရည်က ဖြူဖွေး ဖျော့တော့နေသည်။ယနေ့မှာ တိမ်ကင်းစင်ပြီး ကောင်းကင်မှာ နေက လင်းထင်းနေသဖြင့် အရိပ်ရသော အပင်အောက်၌ လဲလျောင်းနေသည်။
''သခင်လေး ကိုယ့်ဟာကို ဂရုစိုက်ပါ။နေပူထဲထွက်တာက မင်းအသားအရေအတွက် မကောင်းဘူးးနော်''မိန်လင်းက စိုးရိမ်စွာ ပြောလိုက်သည်။
လဲ့ဟွမ်က မိန်လင်းရဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲဆိတ်၍ စနောက်ကျီစယ်နေကာ သူ့အစေခံလေးက အမှန်တစ်ကယ် ချစ်စရာကောင်းကြောင်း တွေးနေမိသည်။
''ကောင်းပါပြီ ကောင်းပါပြီ ဒီသခင်လေးက သူ့ရဲ့အစေခံ ပုစိ ကွေးလေးကို ဒီထက်ပိုပြီး အလုပ်ရှုတ်အောင် မစနောက်တောပါဘူး။စကားနားထောင်ပြီး အထဲဝင်ပါ့ မယ်ခင်ဗျ''
သူက ပြုံးစိစိဖြင့် စနောက်နေလိုက်သည်။လဲ့ဟွမ်က အထဲကိုဝင်သွားလိုက်ပြီး သူ့ရဲ့လက်ကောက်ဝတ်ကို စစ်ဆေးကြည့်လိုက်ပြီး ယခုအခါမှာ ဗိုက်ထဲရှိ ဘေဘီသေးသေးလေးက အလွန်ကျန်းမာနေပြီဖြစ်သော်လည်း သူကတော့ အနံ့ဆိုးသော အားဆေးများများကို သောက်ခြင်းအား မရပ်တန့်ရဲသေးပေ။
''ကျွန်တော် သခင်လေးစားဖို့ စားစရာတစ်ခုခု ပြင်ဆင်ဖို့သွားလိုက်အုံးမယ်'' မိန်လင်းက ပြောပြီး ထွက်သွားလေသည်။
မိန်လင်းက အလွန်အားကိုးရသော အစေခံတစ်ဦးဖြစ်သည်။ သူ့ကို အပျင်ပြေ ကျီစယ်စနောက်ရတာ အလွန်ပျော်ရွှင်ရာကောက်းသလို၊ သင်ပေးလိုက်သော ဘယ်အရာမဆို မြန်မြန်ဆန်ဆန် တတ်လွယ်သည်။လဲဟွမ်က သူအလွန် ပင်ပန်းလာပြီဟု ခံစားရသဖြင့် အနားယူရန် အထဲဝင်မလို့ရှိသေးသည် တစ်ချိန်ထဲမှာ ပဲ ဝံ့ကြွားသော ခြေသံများကို ကြားလိုက်ရသည်။သေချာတာကတော့ ၄င်းခြေသံများက မိန်လင်းထံမှ မဟုတ်တန်ရာ။ခြေသံများမှာ လူတစ်ယောက်ထက် ပိုများပုံရသည်။မကြာမီပင် တံခါးက ''ဝုန်း'' ခနဲမြည်သံဖြင့် တွန်းဖွင့်ခံလိုက်ရပြီး လူအများအပြားက ခြံဝန်းထဲသို့ ဝင်လာသံကြားလိုက်ရသည်။သို့သော်လည်း လဲဟွမ်ကတော့ သူ့ကိုယ်သူ ထရပ်ပြီး ထိုလူများကို ကြိုဆိုဖို့ရန်စိတ်ကူးမရှိပေ။မည်သို့ပင်ဆိုစေ ကောင်းသော လာခြင်းတော့ မဟုတ်နိုင်ရာ။
ESTÁS LEYENDO
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Ficción históricaunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ