အပိုင်း-21
မနက်ဖြန် အင်ပါယာ မယ်တော်ကြီးဆီ သွားလည်ရမဲ့နေ့ဖြစ်သဖြင့် မိန်လင်း ညကစိတ်အေးလက်အေး အိပ်မ
ပျော်နိုင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူ့သခင်လေးအတွက် ဘာတေ ပြင်ဆင်ထားရမလဲ သူသိသည်။ယခုအခါမှာတော့ လဲ့ဟွမ်က မယ်တော်ကြီးအား အရိုအသေ ပေးလျှက်ရှိနေသည်။''ငါ ကြားတာတော့ မင်းရဲ့ စိတ်နေ သဘောထား ပြောင်လဲသွားတယ်ဆို'' မယ်တော်ကြီးက မေးလိုက်သည်။
လဲ့ဟွမ်က ဘာစကားမှ မပြောဘဲ လက်ခံသလိုမျိုး ခေါင်းညိမ့်ပြလိုက်သည်။သူတွေ့ရသလောက် မယ်တော်ကြီးရဲ့အပြုအမူက အလွန်ကလေးဆန်ပြီးပွင့်လင်းသဖြင့် လဲ့ဟွမ်က သူ့ပါးစပ်ကို လက်နဲ့ကွယ်လိုက်ပြီး ရယ်ချင်နေသော သူ့သူ့မျက်နှာ အား ကာလိုက်သည်။
''ဘာကိစ္စရှိလို့ ဒီကိုလာတာလဲ ကိုယ်လုပ်တော် နာ့ကျွမ်'' မယ်တော်ကြီးက စိတ်တိုသော အသံဖြင့် မေးလိုက်သည်။
''အရှင်မင်းကြီးက ကျွန်တော်မျိုးကို မယ်တော်ကြီးဆီသွားလည်ဖို့ အမိန့်ပေးလိုက်လို့ပါ''
သူက အမှန်အတိုင်း ပြောလိုက်သည်။''ငါသိပြီ အခု မင်းငါ့ဆီလာလည်ပြီးပြီ မလို့ မင်းထွက်သွားလို့ရပြီ'' သူမက ပြောလိုက်သည်။
သူတို့က အေးအေးဆေးဆေး ထွက်သွားနိုက်လို့မိန်လင်းက စိတ်သက်သာရာ ရစွာ သက်ပြင်ချလိုက်သည်။
''ဒါဗေမဲ့ ကျွန်တော်က ထွက်မသွားချင်ဘူးး'' လဲ့ဟွမ်က ပြောလိုက်သည်။
သူဘာပြောလိုက်တာလဲ။ထိုအရာက နန်းဆောင်အတွင်းရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။
''ဘာ'' မယ်တော်ကြီးက ဒေါသထွက်သော လေသံဖြင့် အော်လိုက်သည်။
''ကျွန်တော် ပြောချင်တာက ကျွန်တော် အင်ပါယာ မယ်တော်ကြီးနဲ့အချိန်ခဏလောက် နေချင်တယ်လို့၊မယ်တော်ကြီးလဲ ကျွန်တော်နဲ့ အချိန်ဖြုန်းချင်လိမ့်မယ်လို့ထင်ပါတယ် '' လဲ့ဟွမ်က တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။
''ဘာကြောင့် ဒီအမျိုးသမီးအိုကြီးက မင်းနဲအတူ အချိန်ကုန်ဆုံးမှာကို သေချာလိမ့်မယ်ဆိုတာ အသေအချာ တပ်အပ်ပြောနေရတာလဲ''
YOU ARE READING
ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်း
Historical Fictionunicode ရော zawgyi ရော တင်ပေးထားပါတယ်ရှင် 💥💥💥Alert. 💥💥💥 This is translation novel. မူရင်း e translator ဆီက ခွင့်ပြုချက် ရပြီးသားပါ