16(Z&U )

1.9K 322 34
                                    


အင်ပါယာက တော်ဝင်သမားတော်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး

''ဘာ ဖြစ်လို့လဲ'' သူက အေးစက်စွာမေးလိုက်သည်။
''တော်ဝင် ကိုယ်လုပ်တော်မှာ ကိုယ်ဝန်ရှိနေပါတယ်  အရှင်မင်းကြီး'' သမားတော်က တုန်တုန်ရီရီနှင့် ဖြေလိုက်သည်။

''အပျက်ကောင်  နင်က အရှင်မင်းကြီးကို လိမ်ညာဝံ့တယ်ပေါ့'' ပထမ မိဖုရားက  စူးရှကျယ်လောင်စွာ အော်လိုက်သည်။(မိဖုရားနဲ့ မတူဘဲ  ငါးစိမ်းသည် နဲ့ဘဲတူတယ်  ရောက်ကထဲ က အော်ဟစ်နေတာ)

အင်ပါယာ၏ မျက်နှာက အေးစက်တင်းမာလာသည်။

''ရုံဖေး မယ်မယ် သင်အထင်မှားနေပါပြီ။အင်ပါယာကိုယ်လုပ်တော်ရဲ့ကိုယ်ဝန်က 3 လနီပါးလောက်ရှိပါပြီ။ဒါက  အအေးနန်းဆောက်ကို မရောက်ခင်းထဲ က ပါ''

အင်ပါယာ၏ မျက်နှာက ပဟေဠိ ဖြစ်နေပုံရကာ
''သမားတော်  မင်းတော်ဝင်ကိုယ်လုပ်တော်ရဲ့ ခံစားချက်တေကို မလှည့်စားသင့်ဘူး။သူမှာကလေးမရှိတော့ဘူးဆိုတာ သူကိုယ်တိုင်သိတယ်''

သမားတော်က အင်ပါယာဘုရင်ကို ဒူးထောက်ကာ  အနူးအညွတ်တောင်းပန်လိုက်ပြီး

''ကျေးဇူးပြုပြီးတော့ အရှင်မင်းကြီးက ဒီကျွန်ကို ခွင့်လွှတ်ပေးပါ။ကြည့်ရတာ ကျွန်တော် မှားယွင်းကောက်ချက်ချမိတာ ဖြစ်ပါလိမ့်မယ်။ကိုယ်လုပ်တော်က သူ့ကလေးကို ဘယ်တုန်းက မှမဆုံးရှုံးခဲ့ပါဘူး။ကလေးက သှူု့ဆီမှာ အမြဲတမ်းရှိနေခဲ့တာပါ။ဒါက တကယ့်ကို မှားယွင်းကောက်ချက်ချ မိတာပါ''

အင်ပါယာက ဘာစကားတစ်ခွန်းမှ မပြောတဲ့အတွက်  လေထုတွင် ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။သူက လဲ့ဟွမ်ရဲ့မျက်နှာကို လှမ်းကြည့်လိုက်တဲ့အခါမှာ အံ့သြခြင်းမရှိသလို ဝမ်းသာခြင်းလဲမရှိဘဲ  ပကတိ တည်ငြိမ်နေသော အမူအရာဖြင့်သာ ရှိနေသည်။

''မင်း သိနေခဲ့တာလား'' သူက  လဲ့ဟွမ်
ကို မေးလိုက်သည်။

''ဆုံရှုံးမှု အားလုံးက ပြီးဆုံးခဲ့တဲ့ကိစ္စပါ။ဒီကိုယ်လုပ်တော် မျှော်လင့်မိတာက အရှင်မင်းကြီးနဲ့ အဝေးမှာနေပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒီနေရာမှာ ပဲ နေပြီး အေးအေးချမ်းချမ်းနဲ့ သေတဲ့အထိ ဒီနေရာမှာပဲ နေခွင့်ပေးပါလို့တောင်းပန်ပါတယ်''လဲ့ဟွမ်က ပြောလိုက်သည်။

ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်းWhere stories live. Discover now