(unicode)
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. နှင်းဆီတစ်ပွင့်ကပြောလာတယ်
"မြင်မြင်ချင်း ချစ်မိသွားပြီတဲ့"
________________________ခြံဝန်းအကျယ်ကြီးတစ်ခု...ရောင်စုံမီးတွေနဲ့
ကာလာစုံလူတွေဟာလည်း သောက်စားပျော်ပါးလို့
ဒါကတော့ မွေးနေ့ပါတီတစ်ခုပါ"လေးလေး"
ဒီညရဲ့ မွေးနေ့ရှင်အလှလေး ဂျီမင်း တစ်ယောက် အနက်ရောင်ကားပေါ်ကဆင်းလာတဲ့လူတစ်ယောက်ကိုအပြေးကြိုလေတယ်
ထိုလူဟာ ကားပေါ်ကနေထည်ဝါစွာဆင်းလာတယ် အရပ်မြင့်မြင့် ရုပ်ရည်ကလည်းချောမောလွန်းနေတာကြောင့် ပါတီကလူတိုင်းရဲ့အကြည့်တွေက သူ့ဆီမှာ
"လေးလေး ရာကြာလိုက်တာ"
နှုတ်ခမ်းလေးထော်ကာပြောနေသည့် ဂျီမင်းကြောင့် သူရယ်လိုက်မိသည်"ဂျင်လေး နောက်ကျလိုက်တာ"
ဂျီမင်း ရဲ့အဖေ ကင်နမ်ဂျွန်း ကပါးချိုင့်နှစ်ဖက်လုံးနစ်ဝင်အောင်ပြုံးလိုက်ပြီး ညီဖြစ်သူအား ပွေ့ဖက်သည်
ကင်နမ်ဂျွန်း နဲ့ ကင်ဆော့ဂျင် ဟာညီအစ်ကိုအရင်းတွေပါ
မောင်နှမ သုံးယောက်ထဲက အမအကြီးဆုံးကင်ဂျီယောင်း က အမေရိကန် နိုင်ငံသား တစ်ဉီးနဲ့ရပြီး အဲ့မှာပဲအခြေချနေထိုင်နေတယ်
သူ့မှာ ဂျီမင်း နဲ့ရွယ်တူသားတစ်ယောက်လည်းရှိသေးတယ်"လေးလေး သားအတွက်ဘယ်မှာလဲလို့"
ညီကိုနှစ်ယောက်အလွမ်းသယ်နေတာကို ဂျီမင်း နှာခေါင်းရှုံ့ကာဖြင့်ဒီကလေးစိတ်ဆိုးနေလေပြီလေ မွေးနေ့ကိုလာပြီးလက်ဆောင်မပေးသေးတဲ့ ကင်ဆော့ဂျင် ဆိုတဲ့သူ့ဉီးငယ်လေးကြောင့်
"ရော့"
"ဟာ..လေးလေး တစ်ကယ်ကြီးလာ"
ဆော့ဂျင်တစ်ယောက် သူ့တူဖြစ်သူဂျီမင်းကို ကားသော့ပစ်ပေးလိုက်တာကြောင့် ဂျီမင်း အံ့သြရသည်
YOU ARE READING
CAMELLIA