ပုဂံမြေကိုတိုင်တည်၍
အပိုင်း 1"သွေးသစ်ရေ သွေးသစ်"
"ဟေ ဖြေးဖြေးခေါ်ပါ သူခန့်ရာ"
"ဖြေးဖြေးလုပ်မနေနဲ့ ဟိုမှာအလုပ်အသစ်ကိစ္စပြောဖို့ ဖေဖေကခေါ်ခိုင်းလို့"
"အေးအေး သွားလိုက်မယ်"
ခုပဲအလုပ်ကိစ္စတစ်ခုပြီးလို့ထမင်းစားခဏနားတုန်းရှိသေးတယ် နောက်တစ်ခုတဲ့ သူဌေးခေါ်တာဆိုတော့ Guideလုပ်ပေးဖို့ Touristအသစ်ထင်တယ်
'ဒေါက် ဒေါက် '
"ဝင်ခဲ့ပါ"
"သူဌေးအလုပ်ကိစ္စခေါ်တယ်ဆိုလို့ပါ"
"အေး သွေးသစ်ရေ နောက်တပတ်ထဲကြငါ့အသိတစ်ယောက်လာမှာမလို့ Guideလုပ်ပေးပါအုံးကွာ ဒီကြားထဲတော့ မင်းလည်းအလုပ်ကိစ္စတွေဆက်နေလို့ပင်ပန်းထားတာပဲ နားလိုက်ပေါ့"
"ဟုတ်ကဲ့ဗျ ဒါဆိုနောက်တစ်ပတ်မှ အလုပ်ပြန်ဆင်းရမှာပေါ့"
"အေးပေါ့ကွာ ငါ့အသိကိုသာသေချာလေးguideလုပ်ပေးလိုက် Bonousလည်းမနည်းစေရပါဘူး"
"ဟုတ်ကဲ့ဗျ ရပါတယ် အကောင်းဆုံးဖြစ်စေရပါ့မယ်ဗျ
ဒါဆိုသွားလိုက်ပါအုံးမယ်"သူဌေးကိုနှုတ်ဆက်ပြီးအလုပ်ဆင်းဖို့ပြန်လာခဲ့တယ် အိမ်မှာအိမ်ကိစ္စတွေကိုဒေါ်လေးကိုကူညီပေးရဦးမယ်
ပြန်လာတော့ Hotel receptionနားမှာ သူခန့်ကရပ်စောင့်နေလေရဲ့
"သွေးသစ် ဘာတဲ့လဲ"
"နောက်တပတ်ထဲမှာသူဌေးအသိတစ်ယောက်ကို Guideလုပ်ပေးဖို့ပြောတာပါ"
"ဪ ဒါဆိုဒီကြားထဲနားရက်တော့ရအုံးမှာပေါ့"
"အင်း အဲ့ဧည့်သည်မလာခင်ထိတော့နားရတယ်
တစ်ပတ်လောက်ပေါ့ ""ဒါဆိုငါတို့ဓာတ်ပုံရိုက်ဖို့သွားကြမလား မင်းလည်းအလုပ်တွေနဲ့မရိုက်ရတာကြာပြီဆိုတော့"
"အဲ့ဒါဆို သဘက်ခါလောက်သွားမယ်လေ "
"ဟုတ်ပြီ ဒါဆိုငါအဲ့နေ့မှလာခေါ်တော့မယ် မင်းဆိုင်ကယ်မယူခဲ့နဲ့လေ ငါနဲ့ပဲအတူသွားတာပေါ့"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်