:ချလပ်
:ချလပ်
;Ring..... Ring
"ဟလို"သွေးသစ်ဓာတ်ပုံရိုက်နေတုန်းဖုန်းဝင်လာသည်။"ဪ ဟိန်းမြတ်ပြောလေ"
ဟိန်းမြတ်ဆီကဖုန်းဖြစ်သည်။ဘာကိစ္စရှိလို့ပါလိမ့်ထူးထူးဆန်းဆန်း"ဟုတ် ကိုသွေးသစ်အားလားဟင်"
"အားပါတယ်ဟိန်းမြတ်ရဲ့ဘာပြောစရာရှိလို့လဲဟင်"
"ဪ ထွေထူးမဟုတ်ပါဘူးဟို ကိုသူခန့်နဲ့တွေ့ဖြစ်လားလို့ပါဟိုတယ်မှာလဲမတွေ့မိလို့"
"ဪ အကိုလဲမသိဘူးငါ့ညီရဟိုနေ့ထဲကအကိုတို့မတွေ့ဖြစ်ကြသေးတာ အကို့ဆီလဲဖုန်းမဆက်ဘူးဒီကောင်ပျောက်ချက်သားကောင်းနေတာ"
"ဪ ဟုတ်ကဲ့"
"ဘာဖြစ်လို့လဲဟင်ဟိန်းမြတ် ပြဿနာတက်ထားကြလို့လား"
"မဟုတ်ပါဘူးကိုသွေးသစ်"
"ဪ တွေ့ဖြစ်ရင်ညီလေးကမေးတယ်လို့ပြောလိုက်မယ်လေ"
"ဟုတ် ကျေးဇူးပါဗျ"
"ရပါတယ်ဟိန်းမြတ်ရယ် မလိုပါဘူး"
"ဟုတ် ဒါဆိုဒါပဲနော်ကိုသွေးသစ်"
"ဟုတ်ပြီညီလေး"
"ဟူးးးး"ဟိန်းမြတ်လေပူတွေကိုမှုတ်ထုတ်မိသည်။စိတ်မဆိုးဘူးပြောပေမယ့်အနည်းနဲ့အများတော့စိတ်ခုသွားမှာပဲလေ ငါဘာလုပ်ရပါ့မလဲပြန်ခါနီးခါမှ
"ဟူးးးး"
"အမလေးးး"ဟူးခနဲလုပ်ရင်းအနောက်လှည့်လိုက်ရာအနောက်ကနေမျက်ထောင့်နီနဲ့သူ့ကိုစိုက်ကြည့်နေတဲ့ကွန်း"မင်းကလဲလန့်လိုက်တာကွာ အသံလေးတော့ပေးပါဟရောက်နေရင်လဲ"
"မဟုတ်တာလုပ်ထားတော့လန့်မှာပေါ့မထူးဆန်းပါဘူး မင်းဘာမင်းမမြင်တာလေ"
"ဟ မင်းကလဲငါ့အပူနဲ့ငါကွစိတ်တွေလွင့်နေတာစိတ်နဲ့ကိုယ်နဲ့ကကပ်နေတာမဟုတ်ဘူး ပြောလိုက်ရင်ရက်ရက်နဲ့မှစက်စက်ပဲမင်းကလဲ"
"ပြောစမ်းပါဦး ပယင်းနဲ့ဘာဆိုင်လို့သူ့ဆီဆက်တာလဲ"
"အမယ် ပြောစရာလားငါ့ကိစ္စနဲ့ငါ မင်းကရောဘယ်ချိန်ကစပ်စုတတ်သွားတာလဲ"
"အေး ငါ့ဘာငါကတော့မစပ်စုတတ်ဘူးကွပယင်းနဲ့ပတ်သတ်ပြီးစပ်စုတတ်သွားတာ ငါမေးတာသာဖြေစမ်းပါ"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်