:ဒီးးး
:ဒီးးး
:ဒီးးး
"ဟလို""ဟလိုသူခန့်"
"အေးပြောသွေးသစ်"
"ဘယ်မှာလဲ"
"ငါအိမ်မှာလေ"
"ဪဟိုကိုသွားဖြစ်လား"
"အင်း သွားဖြစ်တယ်ခုလေးတင်ပြန်လာတာ"
"ဪ ဘယ်လိုအကြောင်းပြန်လိုက်လဲ"
"အကိုမင်းကိုအမှန်တိုင်းပြောရမယ်ဆိုရင်တော့ကိုယ့်စိတ်ကိုယ်တောင်သေချာမသိသေးတဲ့အနေအထားတစ်ခုမှာပဲရှိသေးတယ် ပြီးတော့မရေရာတဲ့စကားပြောပြီးတော့လဲမင်းစိတ်ကိုဆွဲမထားချင်ဘူး ကိုယ်မင်းကိုမုန်းနေတာမဟုတ်ပေမယ့်ချစ်ဖို့ရာအထိကြလဲကိုယ့်ဘာကိုယ်သေချာမသိသေးဘူး အကို့အထင်ဟိန်းမြတ်ကအရည်အချင်းရှိတဲ့လူငယ်လေးတစ်ယောက်ပါအကို့ထက်အများကြီးသာတဲ့လူနဲ့တွေ့ဦးမှာပါ ပြီးတော့အကိုကမင်းထက်အသက်လဲကြီးတယ်မလားမင်းအနေအထားနဲ့အကို့လိုဘာမဟုတ်တဲ့လူနဲ့အချိန်ကုန်သွားမှာထက်စာရင်အကို့ထက်ပိုသာတဲ့သူနဲ့တွေ့ပြီးအဆင်ပြေပြေနေနိုင်မှာပါ လို့ပြောလိုက်တယ်"
"ဪ အဲတော့ဘာပြန်ပြောလဲသူက"
"ငါပြောတာကိုနားလည်ပါတယ်တဲ့လက်ခံနိုင်ပါတယ်တဲ့ငါပေးတဲ့အဖြေကို ဒါမဲ့ငါပြောသလိုတော့ငါ့အပေါ်ထားတဲ့သူ့စိတ်ကူးကပြောင်းသွားမှာမဟုတ်ပါဘူးတဲ့ဘာလို့ဆိုသူငါ့အပေါ်ထားတဲ့အချစ်ကစတွေ့တဲ့အချိန်ကရော အခုရော နောင်ရောဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်လို့ပါတဲ့ငါကလွဲပြီးဘယ်သူ့ကိုမှလဲချစ်မှာမဟုတ်ဘူးတဲ့ ငါစိတ်ကူးပြောင်းရင်သူ့ဆီအချိန်မရွေးပြန်ဆက်သွယ်ပါတဲ့အမြဲတမ်းအဆင်သင့်ရှိနေပါတယ်တဲ့"
"ဪ သနားပါတယ်ကွာ မင်းလဲလေတကယ့်ငတုံး"
"ဟ ဘလိုင်းကြီးနော်မင်း"
"ဟုတ်တယ်လေ ဘေးကငါတောင်ရှင်းရှင်းလင်းလင်းကြီးမြင်နေရတယ်သူ့စိတ်ကိုမင်းကမမြင်ဘူးတဲ့"
"မင်းကလဲကွာ မမြင်တာတော့မဟုတ်ပါဘူးဒါမဲ့တကယ်လို့ငါလက်ခံလိုက်ရင်ရှေ့ဆက်လျှောက်ရမယ့်လမ်းကိုငါစိတ်ပူတာကွ ပြီးတော့..."
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်